အခန်း ၁၄၂ ခြိမ်းခြောက်ခြင်း

928 114 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ်  ၁၀။ အခန်း ၁၄၂ ခြိမ်းခြောက်ခြင်း

အလင်းသည် မီတာတစ်သန်းအထိ ပျံ့နှံ့သွားပြီး တောင်တစ်ခုလုံးနှင့် ကုန်းမြေတစ်ခုလုံး ပြည့်နေသည့် နတ်ဆိုးအငွေ့အသက်များကို ပျက်စီးစေသည်။

အုန်း...

မြေပြင်ပေါ်တွင် နတ်ဆိုးဂိုဏ်း၏ နတ်ဆိုးအစီအရင်သည် ချက်ချင်း ပျက်စီးသွားခဲ့သည်။ ၎င်းနှင့်အတူ ရာနှင့်ချီသော နတ်ဆိုးဂိုဏ်းမှ ရာနှင့်ချီသော နတ်ဆိုးကျင့်ကြံသူများသည် ထိုအလင်းကြောင့် အချင်းများ ကွဲကြေသွားကာ ပြာဖြစ်သွားသည်။

ဤမြင်ကွင်းသည် နေရာရှိလူတိုင်းကို ထိတ်လန့်စေဖို့ လုံလောက်သည်ထက် ပိုသည်။

“ဘာလောက်တောင်… ပြင်းထန်တဲ့ တိုက်ခိုက်မှုလဲ။”

တော်ဝင်နန်းတော်မှ မင်းသမီးလေးသည် မျက်လုံးများ ပြူးကျယ်လို့နေကာ ဤတိုက်ခိုက်မှုကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။

ဒါက ဧကရာဇ်အဆင့် ကျွမ်းကျင်သူထက် အားမနည်းဘူး မဟုတ်လား။

တော်ဝင်မိသားစုမှ အကြီးအကဲ နှစ်ဦး၏ တိုက်ခိုက်ခြင်း ဖြစ်နိုင်ပါသလား။

  ဧကရာဇ်အဆင့်မှ ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါသည် တောင်တစ်ခုထက်ပင် ပို၍ကြီးမားသည်။ ၎င်းမှာ အစွမ်းထက်လွန်း၍ အမှန်ပင် တောင်ကြီးကိုယ်တိုင် ကျရောက်လာဟန်ပင် တူသေးသည်။

ဒါကို သူမ နားမလည်နိုင်ပေ။

  တော်ဝင်မိသားစု က တခြားအကြီးအကဲတွေကို အကူအညီပေးဖို့ စေလွှတ်ခဲ့ခြင်းများလား။

  ကျီဝူရှန်၏ မျက်လုံးများသာ တဖျက်ဖျက်ခတ်နေသည်။


“ဒါက အကြီးအကဲပဲ ဖြစ်ရမယ်။"

  ကောင်းကင်မှ လူတိုင်းလည်း အံသြသွားကြသည်။

  “အင်မတန် အားကောင်းတဲ့ ရောင်ဝါက အလျင်အမြန် ချဉ်းကပ်လာနေပါတယ်။”

  "ဒီဦးတည်ချက်။  နန်းမြို့ကလား။  တော်ဝင်မိသားစုက ထိပ်သီးလား။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးDonde viven las historias. Descúbrelo ahora