အပိုင်း ၂၀၀ တိုက်ပွဲအတွက်ပြင်ဆင်ခြင်း

1K 99 2
                                    

[Unicode]
အပိုင်း ၂၀၀ တိုက်ပွဲအတွက်ပြင်ဆင်ခြင်း (Paid group - အပိုင်း 430)

"ဆရာ။"

လီချန်းရှန်၏ နှလုံးသားသည် နွေးထွေးသော ခံစားမှုဖြင့် ခုန်ပေါက်သွားသည်။

"ဆရာ့ရဲ့စီစဉ်မှုကို နားထောင်ပါမယ်။"

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

"ဒီ နာလန်ဟုန်ယွီက တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ်။ သူမဟာ နေရာသုံးနေရာကို တစ်ပြိုင်နက်တည်း တိုက်ရိုက်တိုက်ခိုက်ခဲ့တယ်။ သူ့ပန်းတိုင်ကို သိနေပေမယ့်လည်း ငါ့မှာ ကိုယ်ပွား လုံလုံလောက်လောက်မရှိလို့ ရှောင်လို့မရဘူး။"

ဝမ့်ခိုက်သည် လုရှောင်ယန်ကဲ့သို့ တူညီသော ခွန်အားကို ထုတ်လွှတ်နိုင်သည်။ သို့သော်လည်း လုရှောင်ယန်သည် သူ၏ ဝှက်ဖဲဖြစ်သော ဝမ့်ခိုက်ကို အချိန်တိုလေးအတွင်း ထုတ်ဖော်လိုခြင်း မရှိပေ။

ဝှက်ဖဲကို သိမ်းထားရမည်။

ယွင်လီကောသည် လင်းမိသားစုကို ဖျက်ဆီးလိုက်စဉ်က သူသည် နေရာကူးပြောင်းခြင်းဆိုင်ရာ အစီအရင်ကို အသက်သွင်းခဲ့သည်။ ထိုစဉ်က မည်ကဲ့သို့ ကျွမ်းကျင်သူများကို ဆွဲဆောင်ခဲ့မည်ကို မည်သူမျှ မသိခဲ့ကြပေ။

ထိုအချိန်တွင် သူသည် တဖက်သူကို အနိုင်ယူနိုင်ပါက အရေးသာသောအခြေအနေတစ်ခုဖန်တီးရန် ဝမ့်ခိုက်ကို ခေါ်ယူနိုင်မည်။

အခုပြဿနာက အခြေအနေက အရမ်းခက်ခဲနေရင်တောင် လုရှောင်ယန်သည် နာလန်ဟုန်ယွီ ဖြစ်စေချင်သလို လုပ်ဖို့ကလွဲမရှိပေ။

နန်းမြို့တော်ကို စွန့်လွှတ်သင့်သလား။

ဧကရာဇ်မိသားစုနှင့်အတူ သူသည် မဟာကျိုးကို ထိန်းချုပ်နိုင်သည်။ ဤနည်းဖြင့် အရင်းအမြစ်များနှင့် အချက်အလက်များစွာကို ချက်ချင်းရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် မရေမတွက်နိုင်သော အကျိုးကျေးဇူးများလည်း ရှိသည်။

ထို့အပြင် ကျီဝူရှားသည် သူမ၏ မိဘများနှင့် အစ်ကိုများကို စွန့်လွှတ်မည်မဟုတ်ပေ။ လုရှောင်ယန်က သူ့တပည့်တွေ တိုက်ပွဲမှာ သေသွားတာကို ကြည့်မနေနိုင်ဘူး မဟုတ်လား။

အဇူရာကြာပန်းဓားဂိုဏ်းကို သူ စွန့်လွှတ်သင့်သလား။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now