အခန်း ၈၃

1.3K 181 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၆။ အခန်း ၈၃ အစီအစဉ်အသစ်

အဆက်မပြတ် သတိပေးချက်များကြောင့် လုရှောင်ယန် မူးဝေသွားသည်။

 သို့သော် သူ စိတ်ကောင်းဝင်နေလေသည်။

 အရည်အသွေးကောင်းမွန်သည့်ပစ္စည်းတွေ တကယ် အများကြီးရလိုက်သည်ပဲ။ ၎င်းတို့မှာ အားလုံးနီးပါး သိုင်းဘုရင်အဆင့် အဆင့်ပစ္စည်းများ ဖြစ်ကြသည်။  ထို့အပြင် သူ၏ ကျင့်ကြံဆင့်ကို အဆင့်သေးတစ်ခုတိုးမြှင့်ပေးလိုက်ပြီး ဘုရင် တတိယအဆင့်မှ စတုထ္ထအဆင့်အထိ သူ၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးသည်။

 ဤအကျိုးရလဒ်သည် အတော်ပင် အထင်ကြီးစရာဖြစ်နေပြီဖြစ်သည်။

 သူတို့သတ်လိုက်သောသူသည် အရင်ဘဝကသိုင်းဘုရင်အဆင့် အကျော်အမော် ဖြစ်ခဲ့သည့် မြင်းနက်တစ်ယောက်မျှသာ ဖြစ်သည်။  သူ၏ ကျင့်ကြံဆင့်သည် တောင်ပင်လယ်အဆင့်၏ ပြီးပြည့်စုံသော ဒသမအဆင့်တွင်သာ ရှိသေးသည်။  ခြေတစ်လှမ်းတည်းနှင့် သိုင်းဘုရင်အဆင့် သို့ရောက်ရန် အားကိုးစရာလူမရှိပေ။

[ဒင်... သခင်ရေ... ဝမ့်ခိုက် အခု ကံကြမ္မာသားတော်ရဲ့ ကံကောင်းမှုကို စုပ်ယူထားပြီးတော့ အဆင့်မြှင့်မလို့...  အဆင့်မြှင့်တင်မှုကာလက သုံးရက်ပါ။  ဤကာလအတွင်း စနစ်ပျက်နေမှာဖြစ်ပြီး သခင်နဲ့ ဆက်သွယ်နိုင်မှာမဟုတ်ပါဘူး]

 လုရှောင်ယန် တစ်ခုခုကို အော်မပြောမီ တစ်ခဏမျှ ငြိမ်သက်သွားသည်။

 "ဝမ့်ခိုက် ... တစ်ခုခုတော့ မှားနေပြီ။ မြင်းနက်တွေရဲ့ ကံကောင်းမှုကို စုဆောင်းဖို့ မင်းငါ့ကို အသုံးချနေတယ်လို့ ခံစားနေရသလိုပဲ။”

 [ဒါပေမယ့် ဝမ့်ခိုက်က သခင့်အပိုင်လေ။  ကံကောင်းမှုကို စုပ်ယူပြီး ဝမ့်ခိုက်က 

အနာဂတ်မှာ သခင့်ကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးနိုင်မှာပါ။  ဒါပေမယ့် ဝမ့်ခိုက် ဘယ်လောက်ပဲ တိုးတက်လာပါစေ၊ သခင့်ဆီမှာ အမြဲတမ်း ချည်နှောင်ခံထားရမှာဖြစ်ပြီး သခင့်ကိုပဲပံ့ပိုးနေရမှာ။  သခင့်ရဲ့ တပည့်တွေက သခင့်အတွက် အကျိုးကျေးဇူးတွေ ပေးစွမ်းနေသလိုမျိုးပေါ့...]

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးOù les histoires vivent. Découvrez maintenant