[Unicode]
အခန်း ၁၁ ဆရာသခင်ရဲ့ကျင့်ကြံဆင့်က အနည်းဆုံးသိုင်းဘုရင်အဆင့်ပဲကျီဝူရှား၏စကားများသည် အားကောင်းလှကာ အဖွားလီ၏နားစည်တွင်း ပဲ့တင်ထပ်သွားစေပြီး သူမ၏လောကအမြင်တစ်ခုလုံးကို ပြိုပျက်သွားစေခဲ့လေသည်။
သူမ လုရှောင်ယန်ကို စိုက်ကြည့်လိုက်ကာ အေးစက်လှသောလေသံဖြင့်ပြောလိုက်သည်။ “မင်းပဲ! မင်း ငါတို့မင်းသမီးလေးကို လှည့်စားထားတာပဲ! ငါ ဘုရင်ကျီနဉ်ကို သတင်းပို့ပြီး မင်းအသက်ကိုယူခိုင်းပစ်မယ်!”
သူမစကားဆုံးသွားသည်နှင့် လုရှောင်ယန်၏မျက်ဝန်းတစ်စုံအတွင်းမှ အေးစက်ကာ သတ်ဖြတ်လိုစိတ်ပြည့်နှက်နေသည့် အလင်းတန်းနှစ်သွယ်ရုတ်ချည်း ထွက်ပေါ်လာလေသည်။
သို့ပေမည့် လုရှောင်ယန် မတိုက်ခိုက်ခင်မှာဘဲ ကျီဝူရှားက အရင်ဦးစွာလှုပ်ရှားလိုက်ကာ ဓားလှိုင်းတစ်ခုကို အဖွားလီဘေးနားသို့ ဖြတ်သွားစေခဲ့သည်။
အဖွားလီ ကြက်သေသေသွားတော့သည်။
“မင်းသမီး ရူးသွားပြီလား?”
ကျီဝူရှား၏အမူအရာကတော့ဖြင့် တည်ငြိမ်လို့နေခဲ့သည်။ “ကျွန်မမရူးပါဘူး။ အဖွားလီ၊ ကျွန်မ ဆရာ့ရဲ့တပည့်ဖြစ်ဖို့ ကိုယ့်ဆန္ဒနဲ့ကိုယ်ဆုံးဖြတ်ချက်ချခဲ့တာပါ။ သူက အခုကစပြီး ကျွန်မရဲ့ဆရာသခင်ဖြစ်သွားပြီ။ ဆရာ့ကို ဘယ်သူကမှ ရိုင်းရိုင်းဆိုင်းဆိုင်း မယဉ်မကျေးဆက်ဆံတာမျိုး ခွင့်ပြုပေးထားမှာမဟုတ်ဘူး။ အဖွားလီဆိုရင်တောင်မှပဲ။ ကျွန်မကို ခွင့်လွှတ်ပါ။”
ထို့နောက် ကျီဝူရှားပြန်လှည့်လာကာ တောင်းဆိုလိုက်ပြန်သည်။ “ဆရာ၊ အဖွားလီက ဒီတပည့်ကိုစောင့်ရှောက်ပြီး ကာကွယ်လာရတဲ့သူမို့ပါ။ ဆရာ ဒီတပည့်ကိုမျက်နှာသာပေးတဲ့အနေနဲ့ အဖွားလီကို ဗွေမယူပါနဲ့။ အဖွားလီရဲ့ရိုင်းပျမှုအတွက် ဒီတပည့်ကပဲ အပြစ်ဒဏ်ခံယူပါ့မယ်။”
ESTÁS LEYENDO
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantasíaပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y