အပိုင်း ၁၈၉+၁၉၀

912 104 1
                                    

[Unicode]
အပိုင်း ၁၈၉ သူ​ရောက်လာပြီ...

အုန်း..

နောက်ထပ် ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံနှင့်အတူ ကောင်းကင်သည် နေ့ခင်းဘက်ကဲ့သို့ အလင်းရောင်ဖြင့် တောက်ပလာပြန်သည်။

တစ်ညလုံး ဒီ​နေရာသည် အမှောင်လုံးလုံးမကျခဲ့​ပေ။

သက်ရှိသတ္တဝါအားလုံးသည် ကီလိုမီတာ တစ်ထောင်နီးပါး ဆုတ်ခွာသွားခဲ့ကြသည်။

၎င်းတို့သည် ပေါက်ကွဲမှု၏ သက်​ရောက်မှုမှ ဒဏ်ရာမရရှိစေရန် ရှောင်ရှားကြသည်။ ဤအကွာအဝေးတွင် သူတို့သည် သက်​ရောက်မှုလှိုင်းမှ အားနည်းသောလေကိုသာ ခံစားနိုင်ကြသည်။

သို့သော်လည်း အလင်းရောင်သည် အဆက်မပြတ် မှိန်ဖျော့နေပြီး မရေမတွက်နိုင်သော လူများကို ကြောက်ရွံ့ထိတ်လန့်စေသည်။

ဤညသည် လူတိုင်း၏စိတ်ထဲတွင် ထာဝရတည်ရှိနေမည့် နက်နဲသောအကျိုးသက်ရောက်မှုကို ချန်ထားခဲ့ပြီးသားဖြစ်ကောင်းဖြစ်မည်။

ရှေးလူဝံမျိုးနွယ်စု၏ လူအုပ်ကြီးတွင်၊ လှပသောသူအချို့သည် တိုက်ပွဲကို ထိတ်လန့်တကြားကြည့်ရှုနေစဉ် တစ်​ယောက်လက်ကိုတစ်​ယောက်ကိုင်ထားကြသည်။ သူတို့၏မျက်လုံးများသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

"ရှေ့က တိုက်ပွဲက အရမ်းပြင်းထန်တယ်။ အစ်ကိုအောက်ထျန်း ဘယ်လိုနေလဲ သိချင်လိုက်တာ"

...

"စိတ်မပူပါနဲ့ ညီမတို့၊ သူ့မှာ ဘယ်လိုရန်သူရှိပါစေ အစ်ကိုအောက်ထျန်းက သူတို့ကို အနိုင်ယူနိုင်မှာ သေချာပါတယ်။"

...

"မှန်ပါတယ်။ ငါတို့အစ်ကိုအောက်ထျန်းက အသန်မာဆုံးပဲ။"

...

"ဖြတ်သန်းလာတဲ့တစ်လျှောက်မှာအစ်ကိုအောက်ထျန်းက ငါတို့ကို ဘယ်တော့မှ စိတ်မပျက်​စေခဲ့ဘူး။ အချိန်တိုင်း သူ့ရန်သူတွေကို အနိုင်ယူပြီး ရန်သူတွေရဲ့ သွေးတွေနဲ့ ပြန်လာခဲ့တယ်။ ဒီတစ်ခါတော့ သူက အဲဒီလူတွေကို အနိုင်ယူပြီး အရင်လို ငါတို့ဆီ ပြန်လာလိမ့်မယ်။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now