အပိုင်း ၈၁

1.3K 173 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၆။ အပိုင်း ၈၁ အကောင်းဆုံးသတ်ဖြတ်ခြင်းတိုက်ကွက်...

"ဆရာရှောင်က သမိုင်းတစ်လျှောက် ငါတို့ ကျန်းမြို့မှာ နံပါတ်တစ်အကျော်အမော်ပဲ..."

 "ဆရာရှောင်က အသက် ၂၉ နှစ်မှာ စိတ်ဝိညာဉ်နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့တဲ့ ငါတို့ ကျန်းမြို့ သမိုင်းမှာ တစ်ဦးတည်းသော ထူးချွန်သူဖြစ်တယ်။"

 "ဆရာရှောင်က နတ်ဆိုးစပါးအုံးကို သိုင်းကွက်တစ်ကွက်ထဲနဲ့ ရှင်းပစ်ပြီး စိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကိုလည်း တိုက်ကွက်တစ်ခုတည်းနဲ့ သတ်ပစ်ခဲ့တယ်။  အားလုံးမေ့သွားပြီလား?"

           "ငါတို့ ကျန်းမြို့မှာ ဆရာရှောင်ရှိတယ်။ ဘယ်သူက သူတို့ကိုယ်သူတို့ တန်ခိုးရှင်လို့ပြောရဲလဲ? ဘယ်သူက သူတို့ ရှုံးမှာမဟုတ်ဘူးလို့ ပြောရဲလဲ?”

 လူတိုင်းသည် ထိုလူငယ် သိုင်းပညာရှင်ကို ကဲ့ရဲ့ပြစ်တင်နေကာ ဖြောင့်မတ်သောဒေါသနှင့် ပြည့်နှက်နေသည်။  မသိလျှင် ယနေ့ ရှောင်ပိုင်၏ ရှုံးနိမ့်မှုက သူ့ကြောင့် ဖြစ်ခဲ့သလိုပင်။

 ယခုအချိန်တွင် ရှောင်ပိုင်သည် ယွင်လီကောနှင့် အခြားနှစ်ယောက်၏ တိုက်ခိုက်ခြင်းကို အဆက်မပြတ် ခံယူနေရသည်။

 တိုက်ခိုက်မှုတိုင်းသည် သူ၏ဒဏ်ရာတွေကို ပိုဆိုးလာစေသည်။

 သူ၏ရင်ဘတ်မှာ အခြေအနေဆိုးရွားနေပြီး လက်တစ်ဖက်က စုတ်ပြဲနေကာ အတွင်းထဲရှိ ဖြူဖွေးနေသည့် အရိုးတွေကိုတောင် မြင်နေရသည်။

 သူ၏အဝတ်အစားတွေသည် သွေးတွေစွန်းနေပြီဖြစ်သည်။ ထို့အပြင် အရိုက်ခံရလွန်း၍ သူ၏အသိစိတ်က သူ၏ခန္ဓာကိုယ်ထဲက ထွက်သွားတော့မည်ဟုပင် ခံစားနေရသည်။

အကျဉ်းချုပ်ရလျှင်တော့ အလွန်အခြေအနေဆိုးရွားသည်ဟု ဆိုနိုင်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးDove le storie prendono vita. Scoprilo ora