အပိုင်း ၁၃၇

1.1K 108 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၁၀။ အခန်း ၁၃၇ ရုပ်​သေးအစီအစဉ်ရဲ့ဒုတိယ​ခြေလှမ်း..

သုံးရက်အကြာ မိုးလင်းသောအခါ လုရှောင်ယန် တရားထိုင်နေသေးချိန်တွင် လူတစ်ဦးသည် သူ၏ခြံဝင်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာသည်။

ထိုရင်းနှီးသော အရိပ်အယောင်ကို ခံစားလိုက်ရသဖြင့် လုရှောင်ယန်၏ မျက်လုံးများသည် အနည်းငယ် လှုပ်ရှားသွားသည်။ တံခါးကို တိတ်တဆိတ်ဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များက တစ်ဖက်လူကို အခန်းထဲသို့ တိုက်ရိုက်ဆွဲ​ခေါ်သည့် ကြီးမားသောလက်အဖြစ် ပြောင်းလဲသွားသည်။

"မင်္ဂလာပါ အကြီးအကဲလု။"

လုရှောင်ယန်က တစ်ဖက်ကို တစ်ချက်ကြည့်လိုက်သည်။

"စိတ်ဝိညာဉ်သန့်စင်ခြင်း စတုတ္ထအဆင့်။ မဆိုးပါဘူး၊ မင်းရဲ့တိုးတက်မှုက တော်တော်မြန်တယ်။"

"ဒါဟာ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းနဲ့ ကျွန်​တော့်ကို အချိန်တိုအတွင်းမှာ တိုးတက်နိုင်စေခဲ့တဲ့ သိုင်းဘုရင်အဆင့် ​သွေး​ဆေးလုံးကြောင့်ပါ၊ အကြီးအကဲကို ကျေးဇူးတင်ပါတယ်။"

လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

"မင်းနားလည်တာ ကောင်းပါတယ်။ ဘာကိစ္စရှိလို့လဲ?"

"အကြီးအကဲ၊ ​တော်ဝင်မိသားစုက ဘုရင်တွေကိုစုပြီး အကြီးအကဲမင်ကျဲ့ ​နောက်ကိုလိုက်ဖို့ အမိန့်ပေးထားတယ်။"

လုရှောင်ယန်သည် မထိန်းနိုင်ပဲ မျက်ခုံးကို အနည်းငယ်ပင့်တင်မိသည်။

"ဒီအကြီးအကဲမင်ကျဲ့က တကယ်ကို ကြောက်စရာကောင်းတာလား။ သူက သူ့​နောက်ကိုလိုက်ဖို့ မဟာကျိုးတော်ဝင်မိသားစုက ဘုရင်တွေကို စုစည်းစေချင်တာလား။"

"ဒါတင်မကဘူး၊ ဧကရာဇ်အဆင့်က ကျွမ်းကျင်သူနှစ်ယောက်က အဖွဲ့ကို ဦးဆောင်နေတာလို့ ကျွန်တော်ကြားတယ်။"

ဟစ်...

လုရှောင်ယန် မထိန်းနိုင်ဘဲ မောဟိုက်သွားသည်။ ဤ အကြီးအကဲမင်ကျဲ့သည် အနည်းငယ် ကြောက်စရာကောင်းသည် မဟုတ်ပါလား။ သူဟာ မဟာကျိုး တော်ဝင်မိသားစုက ဧကရာဇ်အဆင့် ကျွမ်းကျင်သူကို​တောင် လွှတ်ပြီး လိုက်ဖမ်း​စေဖို့အထိစွမ်းသာခဲ့သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးOù les histoires vivent. Découvrez maintenant