မင်း ဘယ်အရာပဲဖြစ်လာပါစေ ငါက ကျောက်တုံးလိုသန်မာနေမယ်

811 83 0
                                    

[Unicode]
အပိုင်း ၁၉၅ မင်း ဘယ်အရာပဲဖြစ်လာပါစေ ငါက ကျောက်တုံးလိုသန်မာနေမယ်

လမ်းဘေးဆိုင်များနှင့် လေလံပွဲများကို ကိုင်တွယ်ဖြေရှင်းရန် အတော်လေး လွယ်ကူနေသေးသည်။ ကျီဝူရှန်သည် မနက်ဖြန်တွင် ဧကရာဇ်မင်းမြတ်မဟုတ်ဘဲ အိမ်ရှေ့မင်းသားသာ ဖြစ်လာနိုင်သော်လည်း လုရှောင်ယန်သည် ထိုမဟာကျိုး၏အကြီးအမှူးမှတစ်ဆင့် မဟာကျိုးကို ထိန်းချုပ်နိုင်ပြီး လမ်းဘေးဈေးဆိုင်များနှင့် လေလံပွဲများကို ရပ်ဆိုင်းရန် မူဝါဒတစ်ရပ်ချမှတ်လိုက်မည်။

ချောက်ကမ်းပါးများနှင့် ရှေးဟောင်းသင်္ချိုင်းများအတွက်မူ...

  အဲဒါက ပိုတောင် ရိုးရှင်းပါတယ်။

  လုရှောင်ယန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးကောက်သွားပြီး သူ၏ မွန်မြတ်ကောင်းကင်လျှပ်စီးကို ထုတ်ယူလိုက်သည်။

နောက်ဆုံးတွင် သူသည် ရတနာများကို ရှာဖွေတော့မည်။  မွန်မြတ်ကောင်းကင်လျှပ်စီးကဲ့သို့ စူးစမ်းရှာဖွေနိုင်သော ဓမ္မ ရတနာမျိုး မရှိလို့ ဘယ်ဖြစ်မလဲ။

ထိုအမျိုးသမီး လင်းရှင်းရွှယ်လည်း ရှိသေးသည်။

ယခုအချိန်တွင် လုရှောင်ယန်သည် သူမအား သိုင်းဘုရင်အဆင့် လက်နက်ထဲမှ လွှတ်ပေးခဲ့သည်။ လင်းရှင်းရွှယ်သည် လုရှောင်ယန်ဆီသို့ အပြေးအလွှား  ပြေးလာရင်း ချက်ချင်းပင် အော်ပြီး သူမ၏ လက်သည်းများကို ထုတ်လိုက်သည်။

"မင်း လူလိမ်ကြီး ငါမင်းကိုသတ်မယ်။"

  ပါးရိုက်သံ။

လုရှောင်ယန်သည် အနားရောက်လာသည့် သူမကို မြေပြင်ပေါ် လဲကျအောင် ပါးရိုက်လိုက်သည်။

"မင်း ငါ့ကို ရိုက်ချင်သေးလား။"

လင်းရှင်းရွှယ်သည် ယခုအချိန်တွင် ဝိညာဉ်တစ်ခုသာဖြစ်သည်။ သူမ ဒေါသအရမ်းထွက်ကာ တုန်လှုပ်သွားသော်လည်း ရှေ့ကိုမလှမ်းဝံ့တော့ပေ။ သူမသည် အံကြိတ်ကာ လက်သီးငယ်များကို ဆုပ်ကာ ကျိန်ဆဲနေဆဲဖြစ်သည်။

"လူလိမ် လူလိမ်ကြီး.. အရှက်မဲ့တယ် .."

လုရှောင်ယန် :"…"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now