စာစဉ် ၅။ အခန်း ၆၄ ခွေးတောင်မှ သူ့နေ့ရက်ရောက်လာနိုင်တယ်

1.4K 191 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၅။ အခန်း ၆၄ ခွေးတောင်မှ သူ့နေ့ရက်ရောက်လာနိုင်တယ်

လိပ်နက်ဂိုဏ်းချုပ်သည် သူ့တပည့်၏အမူအရာကိုကြည့်ကာ အနည်းငယ် ပဟေဠိဖြစ်သွားသည်။ 

"ကျီမော့ မင်းဘာကြည့်နေတာလဲ?" 

ချင်ကျီမော့လည်း လုရှောင်ယန်၏ရုပ်ပုံကို လက်ညှိုးထိုးပြပြီး ပြောသည် ။ 

“ဆရာ၊ ဒီလူက ဘာလို့ အဆင့် ၃၂ ရတာလဲ?”  လိပ်နက်ဂိုဏ်းချုပ် မျက်မှောင်ကြုတ်သွားသည်။  "သူက အရမ်း အစွမ်းထက်နေလို့လား?" 

“အရမ်း အစွမ်းထက်တယ်ပေါ့!”  ချင်ကျီမော့ လေးနက်သော အမူအရာဖြင့် ပြန်ပြောသည်။ 

"မင်း...သူ့ကိုသိလား?" 

"ဟုတ်တယ် ဆရာ  ရိုးရိုးသားသားပြောရရင် ၊ သူက ကျွန်မရဲ့ ကျေးဇူးရှင်ပါ။" 

"အိုး..." 

“သူက နတ်ဆိုး ကျင့်ကြံသူတွေလက်ကနေ ကယ်တင်ပြီး ကျွန်မကို ရှင်သန်ခွင့်ပေးခဲ့တဲ့သူပါ။  ဒါ​ပေမယ့် သူက ကျွန်မကို ကယ်တင်ပြီးနောက် အလျင်စလို ထွက်သွားတယ်။  သူ့ဂိုဏ်းကိုလည်း အရင်က ခြုံခိုတိုက်ခိုက်ခံရဖူးတယ်ထင်တယ်၊ ဒါကြောင့် သူ ဂိုဏ်းနဲ့ ကွဲသွားတာဖြစ်မယ်။  ကျွန်မကို ကယ်တင်ပြီးတဲ့နောက် သူက အခင်းအကျင်းပြိုင်ပွဲမှာ ပါဝင်ဖို့ အမြန်လာခဲ့တယ်။” 

"ဟုတ်လား။  ဒါပေမယ့် ဒါက သူ့ရလဒ်တွေနဲ့ ဘာဆိုင်လို့လဲ?  ဒါက တရားမျှတတဲ့ ပြိုင်ပွဲပါပဲ။” 

"သူ…" 

ချင်ကျီမော့ တစ်ခုခုပြောမိတော့မည့်အချိန် သူမသည် လုရှောင်ယန်၏ခွင့်ပြုချက်မရှိဘဲ ဤကဲ့သို့ သူ၏ အစီအရင်ဖွဲ့စည်းမှုစွမ်းအားကိုဖော်ပြပါက သူအလွန်စိတ်မကောင်းဖြစ်လိမ့်မည်ဟု သတိဝင်လာသည်။ 

ထိုသို့တွေးမိပြီး ချက်ခြင်း စကားပြောင်းသွားသည်။ 

"သူ့ရဲ့ အစီအရင်ဖွဲ့စည်းမှုကို ကံ​ကောင်းလို့တစ်ခါမြင်ဖူးပြီး သူ့ရဲ့ ခွန်အားကို သိမြင်ခဲ့ရပါတယ်။" 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now