အခန်း ၁၀၁ ကြောင်အသွား​သော လီချန်းရှန်

1.2K 184 3
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၇။ အခန်း ၁၀၁ ကြောင်အသွား​သော လီချန်းရှန်

လုရှောင်ယန် နောက်ပြောင်နေတယ်လို့သာ လီချန်းရှန်က ထင်နေချိန်မှာပဲ လုရှောင်ယန်က ရုတ်တရက် ပန်းချီကားတစ်ချပ်ကို ဘယ်ကမှန်းမသိ ထုတ်ယူလိုက်သည်။

 "အင်း.."

 ဤပန်းချီကားကို သူမြင်လိုက်သည်နှင့် လီချန်းရှန်သည် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

 သူသည် ကျင့်ကြံခြင်းတွေ ပျက်​စီး​ပြီးသားသူဖြစ်သည်။ ထို့ကြောင့် တောင်တန်းနှင့် မြစ် ပန်းချီ၏ မူမမှန်မှုကို သာမန်ပညာရှင်များကဲ့သို့ပင် တစ်ကြိမ်တည်းနှင့် မပြောနိုင်ပေ။

 သို့သော် ယခင်က ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့သည့်အတွက်၊ သူသည် အနည်းနှင့်အများဆိုသလို 

ထက်မြက်သော အာရုံရှိသည်။

 ဤပန်းချီကားက မရိုးရှင်း​ပေ။

 သို့သော် သေသေချာချာ တွေးကြည့်လျှင် ဤအရာသည် အလွန်သာမန်ဖြစ်ပုံရသည်။

 လုရှောင်ယန်မှာသာ ဘာအရည်အချင်းမှ မရှိဘူးဆိုရင် ကြွားဝါပြီး သူ့ကို တပည့်အဖြစ် ခံယူဝံ့မှာ မဟုတ်ပေ။

 သူတွေးနေစဉ်မှာပင် လီချန်းရှန်နှင့် လုရှောင်ယန်၏ အနားက မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

 ရုတ်တရက် သူတို့သည် တင်းကြပ်စွာ တည်ဆောက်ထားသော ဧကရာဇ်နန်းတော်မှ ထွက်ခွာသွားကာ လူသူကင်းမဲ့သော နယ်မြေတစ်ခုသို့ ရောက်ရှိ​နေကြသည်။

 ဤနေရာတွင် တောင်များနှင့် မြစ်များရှိပြီး ဝိညာဉ်စွမ်းအင် ပေါများလှသည်။ ခရမ်းရောင်စွမ်းအင်သည် အရှေ့အရပ်မှ ထွက်လာသောကြောင့် ဤနေရာသည် မတူညီသော အရသာကို ရရှိစေသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now