အခန်း ၁၃၂ နတ်ဆိုးကောင် ထောင်ထဲကထွက်လာပြီ..

1.1K 132 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၉။ အခန်း ၁၃၂ နတ်ဆိုးကောင် ထောင်ထဲကထွက်လာပြီ..

“နှစ်ပေါင်း ၇၀၀ ရှိပြီ။ နောက်ဆုံးတော့ ငါလွတ်မြောက်ပြီ။  ဟားဟားဟား…”

 ကောင်းကင်အကျဉ်းထောင်အောက်တွင် အနက်ရောင်နတ်ဆိုး အငွေ့အသက်သည် တဖြည်းဖြည်း မြင့်တက်လာသည်။  အကြီးအကဲမင်ကျဲ့သည် လေထုထဲသို့ ခြေလှမ်းပြီး ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

 ပြင်းထန်သောဖိအားသည် လူတိုင်းကို တုန်လှုပ်စေခဲ့သည်။ ကောင်းကင်အကျဉ်းထောင်ကို စောင့်ကြပ်နေသည့် စစ်သားတွေက သူ့ကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။

 ကောင်းကင်အကျဉ်းထောင် ဦးစီးမှူးတိုင်လန်သည် ထိုဒဏ်ကို ပထမဆုံး ခံခဲ့ရသည်။

 "အကြီးအကဲမင်ကျဲ့၊ မင်း သတ္တိရှိလှချည်လား။ မင်းတကယ်ပဲ ကောင်းကင်အကျဉ်းထောင်ကို ဖျက်ဆီးဝံ့တယ်ပေါ့။”

 “နားညီးတယ်။”

 အကြီးအကဲမင်ကျဲ့ တချက်ကြည့်လိုက်သည်နှင့် ပေါက်ကွဲသံနှင့်အတူ တိုင်လန်သည် လွင့်ပျံသွားခဲ့သည်။

 လေထဲတွင် သူသည် ရင်ဘတ်ကိုဖိကာ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ သူ၏အမူအရာမှာ လွန်ကဲစွာ တုန်လှုပ်သွားသည် ။

 အုန်း...

 ပြင်းထန်သောပေါက်ကွဲသံနှင့်အတူ တိုင်လန်သည် အံကြိတ်ကာ “အကြီးအကဲမင်ကျဲ့၊ အရမ်းမောက်မာမနေနဲ့။ တော်ဝင်မိသားစုက မင်းကို လွှတ်ထားမှာမဟုတ်ဘူး။”

 “ဟားဟား… တော်ဝင်မိသားစု..ဟုတ်လား...  တော်ဝင်မိသားစုက တန်ခိုးကြီးတော့ရောဘာဖြစ်လဲ။ ကောင်းကင်အကျဉ်းထောင်တစ်ခုလုံးက ဖြောင့်မတ်တဲ့ ကျင့်ကြံသူအားလုံးကို လျှို့ဝှက်နည်းပညာကို အသုံးပြုပြီး နတ်ဆိုးအငွေ့အသက်တွေကူးစက်စေပြီးပြီ။ သူတို့ထဲမှာ ကျင့်ကြံဆင့်မြင့်တဲ့သူတွေ မရှားပါဘူး။ အခု သူတို့အားလုံးက ငါ့ရဲ့ လက်အောက်ခံတွေ ဖြစ်လာကြပြီ။  တော်ဝင်မိသားစုက ငါ့ကိုဖမ်းချင်ရင်တောင် လွယ်မှာမဟုတ်ဘူး။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးOnde histórias criam vida. Descubra agora