အခန်း ၁၇၀

958 108 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ်  ၁၂။ အခန်း ၁၇၀ မြို့ကရှုပ်ထွေးတယ်၊ ဆိုတော့ ရွာရောပဲ

"မင်းကိုငါလိမ်မယ်လို့မင်းထင်နေတာလား။ ငါပြောတာမမှားဘူးဆိုရင် ဒါက ထိပ်တန်းအဆင့် သိုင်းဘုရင်အဆင့် အစီအရင်ပဲ။"

လင်းရှင်းယွဲ့၏စကားများသည် ရို့လန်၏စိတ်ကို ရုတ်တရက် တုန်လှုပ်သွားစေပြီး သူမ၏ ခေါင်းသေးသေးလေးသည် မူးဝေသွားသည်။

သိုင်းဘုရင်အဆင့် အစီအရင်။

ဒီရယ်စရာကောင်းတဲ့ကောင်လေးက သူ့အိမ်ငယ်လေးမှာ သိုင်းဘုရင်အဆင့် အစီအရင်ကို တကယ်ပဲ တည်ဆောက်ထားတယ်လား။

ဒီကောင်က ဘယ်သူလဲ။

မဟာကျိုး တစ်ခုလုံး၊ မဟာကျိုး နန်းမြို့တော်နှင့် နတ်ဆိုးဂိုဏ်း၏ခန်းမမှလွဲ၍ အခြားမည်သည့်နေရာတွင်မှ သိုင်းဘုရင်အဆင့် အစီအရင် မရှိသည်ကို သိရှိထားရမည်ဖြစ်သည်။

ထို့အပြင်၊ နတ်ဆိုးဂိုဏ်းခန်းမ ရှိ သိုင်းဘုရင်အဆင့် အစီအရင်သည် အဆင့်နိမ့် သိုင်းဘုရင်အဆင့် အစီအရင်ဖြစ်သည်။

သို့သော်၊ ဤနေရာတွင် အမှန်တကယ် ထိပ်တန်းအဆင့် သိုင်းဘုရင်အဆင့် အစီအရင် ရှိခဲ့သည်။

ဒီအိမ်သည်ကတော့ တကယ့်ကိုမှသေးသေးလေးဆိုတာ သိထားရမည်။

လုရှောင်ယန်သည် ဤနေရာတွင်မရှိသော်လည်း သူတို့၏စကားများသည် သူ့နားထဲသို့ ရောက်ကာ သူ့ကို မပြုံးပဲ မနေနိုင်အောင်ပင် ဖြစ်စေခဲ့သည်။

အနည်းငယ်အဆုံးရှုံးခံရန် ဆန္ဒမရှိလျှင် သူတို့ကို လှည့်စားနိုင်မည်မဟုတ်ပေ။

သူသည် ဖုန်းအောက်ထျန်းကို ဆက်လက်တိုက်ခိုက်ရန် ပထမဦးစွာ လှည့်စားသည်။ နောက်တော့ သူက ဖုံးကွယ်ပြီး အရာအားလုံးကို ထိန်းချုပ်လိုက်မည်။ အချိန်တန်သောအခါ သူသည် ဖုန်းအောက်ထျန်းကို တစ်ချက်တည်း ဖျက်ဆီးပစ်မည်။

တကယ်တော့ သူသည် ဤကဲ့သို့ သူ၏ ဦးနှောက်ကို မသုံးချင်ပေ။ သို့သော် ဖုန်းအောက်ထျန်း၏ အခြေအနေကို သူ မသိနိုင်ပေ။ ထို့အပြင် ဖုန်းအောက်ထျန်းသည် အလွန်အစွမ်းထက်ပြီး ရှောင်ပိုင်နှင့် လင်းဖေးထက် များစွာ အားကောင်းသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now