အပိုင်း ၇၈ ကံကြမ္မာတိုက်ပွဲ...

1.3K 175 3
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၆။ အပိုင်း ၇၈ ကံကြမ္မာတိုက်ပွဲ...

ရှောင်ပိုင် အပြင်ထွက်လာပြီးနောက် မြစ်ကမ်းစပ်သို့ အလင်းအရှိန်နှုန်းဖြင့် ပြေးထွက်သွားခဲ့သည်။။

 ကျန်းလော့ယွီသည်လည်း ကုတင်ပေါ်ကနေ ရုန်းကန်ထလိုက်ကာ၊

 “ဖေဖေ၊ သမီးကို ခေါ်သွားပါ။ အစ်ကိုရှောင်  အဲဒီကောင်ကို သတ်တာကို ကြည့်ချင်တယ်။"

  ကျန်းမြို့တော်သခင်မှာ စိတ်ပူပဲမနေနိုင်​​ပေ။

  "သမီးဒဏ်ရာကအဆင်ပြေရဲ့လား? အိမ်မှာ ဘာလို့ နားမ​နေတာလဲ? ရှောင်ပိုင်ရဲ့ ခွန်အားနဲ့ဆိုရင် တစ်ဖက်သူကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်မှာ  သေချာပါတယ်။”  ကျန်းလော့ယွီ ခေါင်းယမ်းလိုက်သည်။  “မဟုတ်ဘူး၊ အစ်ကိုရှောင်ကို ကူညီပြီး ရှောင်မိသားစုကို မကာကွယ်နိုင်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ခံစားရတယ်။  သူ့ရန်သူကို သူ့ လက်နဲ့သတ်တာကို မကြည့်ရရင်၊ အစ်ကိုရှောင်ရဲ့နှလုံးသားထဲမှာ နေရာမရှိနိုင်တော့ဘူး။"

  ကျန်းမြို့တော်သခင် သက်ပြင်းချလိုက်သည်။

 "ကောင်းပြီလေ၊ အဖေလိုက်ပို့ပေးမယ်။"

 ရှောင်ပိုင် မြစ်ကမ်းနားသို့ အမြန်ဆုံး အရှိန်ဖြင့် ရောက်လာခဲ့သည်။

 မြစ်ကမ်းနံဘေးတွင် လူသုံး​ယောက်က သူ ရောက်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီး ဤနေရာတွင် စောင့်ဆိုင်းနေပုံရသည်။

           စင်စစ် မြသ်ကမ်း​ဘေး စု​ဝေး​နေသည်မှာ ယွင်လီကောနှင့် ကျန်နှစ်ယောက်သာ မဟုတ်​ပေ။  ကျန်းမြို့မှ သိုင်းပညာရှင် အများအပြားလည်း ရှိ​နေသည်။

 ယွင်လီကောနှင့် ကျန်နှစ်ယောက်သည် ကျန်းမြို့တွင် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ်မှုဖန်တီးခဲ့ပြီး သူတို့၏မိသားစုများမှ အ​ကျော်အ​မော်များစွာကိုလည်း သတ်ဖြတ်ခဲ့သည်။  ထို့ကြောင့် လူတိုင်း ဤတိုက်ပွဲကို ကြည့်ချင်ကြသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now