[Unicode]
အပိုင်း ၁၉၄ ကျန့်ယိမဟာမိတ်အဖွဲ့"မြင်းနက်ဆိုတာ ဘာလဲ?"
ဖုန်းအောက်ထျန်းက သူ့သံသယတွေကို ထပ်ပြီး ဖော်ထုတ်လိုက်ပါသည်။
နာလန်ဟုန်ယွီသည် သူမ၏ နှုတ်ခမ်းများကို ဖွဖွဖိကာ ပြုံးပြီး သူမ၏ ရှည်လျားသော ခြေတံများကို ချိတ်ထိုင်လိုက်သည်။ သူမခြေထောက်ကို မြှောက်လိုက်သည်နှင့် ဖုန်းအောက်ထျန်း၏ မျက်လုံးများ မတတ်နိုင်စွာ လှုပ်ခါသွားရသည်။
ဒီမြင်ကွင်းက နာလန်ဟုန်ယွီ၏ မျက်လုံးထဲက သဘာဝအတိုင်း မလွတ်ကင်းခဲ့ပါ။ သို့သော်လည်း သူမသည် သူ့ကို မဖော်ထုတ်ခဲ့ပေ။
"မြင်းနက်လို့ခေါ်တဲ့ ကံကောင်းတဲ့သူတွေပေါ့။ ဒီလူတွေက သာမန် အရည်အချင်းတွေ၊ အဆင့်အတန်းနိမ့်တာတွေ ဒါမှမဟုတ် ကြေကွဲဖွယ် မွေးဖွားလာမှုတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် များသောအားဖြင့် သူတို့နဲ့ ပါလာတဲ့ အလွန်အစွမ်းထက်တဲ့ ကံတွေ ရှိတယ်။ ကံကောင်းမှုက သူတို့ရဲ့ ဘဝကို ပြောင်းလဲစေလိမ့်မယ်။
ဥပမာအားဖြင့်၊ ချောက်ကမ်းပါးပေါ်က ခုန်ချပြီး အသက်ရှင်နေနိုင်သေးတာတို့။ ချောက်ကမ်းပါးအောက်ကနေ ရတနာတွေတောင် တွေ့နိုင်သေးတယ်။”ဖုန်းအောက်ထျန်း၏ နှလုံးခုန်သံ မြန်သွားသည်။
ဒါက သူ့ကိုရည်ညွှန်းတာပဲ မဟုတ်ဘူးလား။
သို့သော် သူသည် ချောက်ကမ်းပါးမှ ခုန်မချခဲ့ပေ။ ယင်းအစား သူသည် ချောက်ကမ်းပါးပေါ်မှ ပစ်ချခံခဲ့ရပြီး သစ်ပင်သစ်ကိုင်းတစ်ခုပေါ်တွင် မတော်တဆ ချိတ်ဆွဲခံခဲ့ရသည်။ ထို့နောက် သူသည် ကံကောင်းစွာ ရှင်သန်ခဲ့ပြီး ရှေးဟောင်း ကြေးခန်းမကို ရရှိခဲ့သည်။ ထိုမှသာ သူသည် ထင်ပေါ်ကျော်ကြားလာခဲ့သည်။
နာလန်ဟုန်ယွီက မရပ်ပဲဆက်ပြောသည်။
“ပြီးတော့ စေ့စပ်ပွဲ ဖျက်သိမ်းခံရလို့ ကောင်းကင်ကို အံတုတဲ့ ပညာရှင်တွေဖြစ်သွားတာတို့ အရှက်ခွဲခံရလို့ ပြန်လည်မွေးဖွားလာသူတွေ၊ နောင်တကို ပြန်လည်ပြင်ဆင်တဲ့သူတွေ အစရှိသည်ဖြင့်... ဘာပဲပြောပြော သာမန်လူတွေ နားမလည်နိုင်တဲ့နည်းနဲ့ သူတို့က ပိုမိုအားကောင်းလာလိမ့်မယ်"
YOU ARE READING
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantasyပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y