အခန်း ၇၂ ပထမဆုံးအကြိမ် လက်စားချေခြင်း၊ စတင်ပြီ!

1.5K 201 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၇၂ ပထမဆုံးအကြိမ် လက်စားချေခြင်း၊ စတင်ပြီ!

“ဘယ်လို… သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူကနေ ပြန်လည်မွေးဖွားတာလား ..” 

သုံးယောက်သား အလွန်အမင်း တုန်လှုပ်သွားကြသည်။ 

သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ။ 

အဲဒါက သူတို့ စိတ်ကူးတောင်မယဉ်ရဲတဲ့ ဒဏ္ဍာရီဆန်ဆန်တည်ရှိမှုပင်။ ရှောင်ပိုင်သည် အမှန်တကယ်ပင် ပြန်လည်မွေးဖွားလာခဲ့သည့် ဒဏ္ဍာရီလာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူပင်။  ဆင်းရဲသောမိသားစု၏သခင်​လေးတစ်ဦးမှ ဤမျှအချိန်တိုလေးအတွင်း အစွမ်းထက်သန်မာလာကာ ယွင်မိသားစုကို ချက်ချင်းသတ်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ 

ဂလု.. 

ဖုန်းထျန်းယွမ် ခက်ခက်ခဲခဲ တံ​တွေး မျိုချလိုက်သည်။ 

“ဆရာ၊ ဒါက မြင်းနက် ရဲ့ အစွမ်းလား?  ဒါက အရမ်း အစွမ်းထက်လွန်းတယ် မဟုတ်ဘူးလား?" 

လုရှောင်ယန် တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်လိုက်ကာ၊ "အဆင်ပြေပါတယ်။  သူက ဒီလောက် အထင်ကြီးစရာ မဟုတ်ပါဘူး။  အရင်ဘဝက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့ဖူး​ပေမယ့် အခုဘဝသစ်မှာ​တော့ သာမန်ဇာတ်ကောင်အဖြစ်သာ အဆုံးသတ်ရတဲ့ မြင်းနက်တွေအများကြီးရှိတယ်။ အရေးအကြီးဆုံးကတော့ သူက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ ဖြစ်တုန်းက ကျင့်ကြံမှုအမှတ်တရ​တွေနဲ့ အတွေ့အကြုံ​တွေပဲရှိတယ်။  သူက အစက​နေ တဖြည်းဖြည်း ပြန်လည်ကျင့်ကြံဖို့လို​သေးတယ်။”  သုံးယောက်သား မတတ်သာပဲ မျက်နှာ တွန့်ရှုံ့သွားကြသည်။ 

ဒါက အထင်ကြီးစရာမဟုတ်​သေးဘူးလား? 

အထင်ကြီးစရာ​ကောင်းတဲ့ မြင်းနက်သာဆိုရင် ဘယ်​လောက်​တောင် အစွမ်းထက်လိမ့်မလဲ? 

ထိုသို့​သောသူမျိုးဆို အစကတည်းက သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူဖြစ်​နေတာမျိုးကို ဆိုလိုတာများလား? 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now