[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၈။ အခန်း ၁၁၅ ခံစားချက်မကောင်းဘူး
ကျီဝူရှား၏အမူအရာသည် လုရှောင်ယန်ကို ခံစားချက်ကောင်းစေသည်။
ပုံမှန်အတိုင်းပြောရလျှင် သာမာန်ဇာတ်ကြောင်းတိုးတက်မှုအရ ကျီဝူရှားသည် လင်းဖေးကိုပြန်တွေ့သောအခါတွင် အမူအရာနှစ်ခုရှိလိမ့်မည်။
ပထမတစ်ခုမှာ မုန်းတီးသောအမူအရာဖြစ်သည်။
လင်းဖေးသည် သူမကို အနိုင်ယူပြီး သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် သူမသည် မြို့တော်တစ်ခုလုံး၏ လှောင်ပြောင်စရာ ပစ်မှတ် ဖြစ်လာခဲ့ခြင်းကြောင့်ပင်။
ဒုတိယတစ်ခုမှာ နှမြောတသအမူအရာဖြစ်သည်။
လင်းဖေးကို ထားခဲ့ပြီး သူနှင့် စေ့စပ်ပွဲဖြတ်ခဲ့သည့်အတွက် သူမ နောင်တရခြင်းမျိုးလည်း ဖြစ်နိုင်သည်။
ထိုနောင်တကြောင့် သူမ မပိုင်ဆိုင်နိုင်တော့သည့်သူ့အပေါ် သူ့အပေါ် ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာနိုင်သည်အထိပင်။
သူမ ပိုစိတ်ဆင်းရဲလေလေ လင်းဖေး၏ အချစ်ကို ပြန်လည်ရယူလိုလေလေဖြစ်သည်။ သို့သော်လည်း ဤအရာသည် လင်းဖေးက သူမကို ပို၍ အထင်သေးပြီး ပို၍လျစ်လျူရှုအောင်တွန်းပို့မည်သာဖြစ်သည်။
အဆုံးတွင် သူမသည် လင်းဖေးကိုစိတ်ထဲထည့်ပြီး တစ်သက်လုံး တစ်ကိုယ်တည်းနေသွားမည်ဖြစ်သည်။ သာသနာ့ဘောင်ထဲဝင်သွားမျိုးခြင်းတောင် ဖြစ်နိုင်သည်။
ယခုမူ ကျီဝူရှားသည် သူ့ကိုကြည့်ဖို့ကိုပင် စိတ်မဝင်စားတော့ပေ။ ဆိုလိုသည်မှာ လင်းဖေး၏ ကံကြမ္မာသည် ပြောင်းလဲနေပြီဖြစ်သည်။
ဒါက အရမ်းကောင်းတဲ့အရာပဲ။
YOU ARE READING
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantasyပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y