[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၁။ အခန်း ၁၆၁ ကြိုက်တဲ့အချိန် ဓါးထုတ်"မဟုတ်ဘူး၊ ငါတို့က ပုန်ကန်နေတာမဟုတ်ဘူး။ ရိုင်းစိုင်းတဲ့စကားတွေ ရပ်လိုက်။"
ကျီနျဉ်က ချက်ချင်းပြန်ပြောလိုက်သည်။
တတိယမင်းသားက ထပ်မေးသည်။
"မင်း ငြင်းရဲသေးတာလား။ မင်းရဲ့သား ကျီဝူရှန်နဲ့ မင်းရဲ့သမီး ကျီဝူရှားက သူတို့ရဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတယ်။ ဒါက ဘာအဓိပ္ပာယ်လဲ။"
"သူတို့ ဖုန်းကွယ်တာ ငါ့ခရမ်းရောင် ငြိမ်းချမ်းရေးတော်ဝင်နန်းတော်နဲ့ ဘာဆိုင်လို့လဲ၊ ငါလည်း သိတာမှမဟုတ်တာ။"
"မင်း မင်းလိမ်နေတာ..."
ထိုစကားကို ပြောပြီးသည်နှင့် ဘုရင်ကျီနျဉ်က ချက်ချင်းပဲ နှာခေါင်းရှုံ့လိုက်သည်။ ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဖိအားသည် တိုးမြင့်လာပြီး တတိယမင်းသားကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။ တတိယမင်းသား၏လည်ချောင်းသည် သံဓာတ်အရသာတစ်ခုရလိုက်ပြီး သွေးတစ်ပွက်ကို ထွေးထုတ်လိုက်သည်။
"ကျီထျန်းဖုန်း မင်းရဲ့လေသံကိုသတိထား။ ဘာပဲပြောပြော ငါမင်းရဲ့ဦးလေးပဲ။ မင်းက ဝါငယ်တယ်။ မင်းဧကရာဇ်မိသားစုရဲ့ မင်းသားတစ်ယောက်ဖြစ်နေတာနဲ့ပဲ ငါ့ကို မခန့်လေးစား မလုပ်နဲ့။"
"ခင်ဗျား…"တတိယမင်းသားက တစ်ခုခုပြောချင်သေးသော်လည်း အိမ်ရှေ့စံမင်းသားသားက သူ့ကို ဆွဲထားလိုက်သည်။
"တော်လောက်ပြီ၊ တတိယညီလေး ရိုင်းစိုင်းမနေနဲ့။"
သူပြောပြီးသည်နှင့် တပြိုင်နက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ကို နောက်ပစ်လိုက်သည်။
"ဦးလေးကျီနျဉ်၊ ကျီဝူရှန်နဲ့ တခြားသူတွေ ဖုန်းကွယ်ထားတာကို မေ့ထားလိုက်ပါ။ အခုတော့ မဟာကျိုးအင်ပါယာ အိမ်ရှေ့စံမင်းသားသားတစ်ယောက်အနေနဲ့ လင်းဖေးကို လိုက်ဖမ်းဖို့ ရှေးဟောင်း တားမြစ်နယ်မြေထဲကို အမြန်ဝင်ဖို့ ဘုရင်တွေကို အမိန့်ပေးတယ်။"
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantasiaပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y