စာစဉ် - ၅။ အခန်း ၆၅ လက်ထပ်ခွင့်တောင်းချင်တယ်

1.4K 194 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၆၅ လက်ထပ်ခွင့်တောင်းချင်တယ်

သူ၏ အဖိုးတန်တပည့်လေး ထွက်သွားသည်ကို ကြည့်ရင်း လိပ်နက်ဂိုဏ်းချုပ် တစ်ကိုယ်တည်းရေရွတ်မိသည်။

“ကျီမော့က အရွယ်​ရောက်နေပြီ။  အိမ်ထောင်ရေးအကြောင်း ပြောရမယ့်အချိန်​ရောက်လာပြီပဲ။ တကယ်​တော့ လုရှောင်ယန်က မဆိုးပါဘူး။ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့​တောင် အခင်းအကျင်းပညာရပ်မှာ သူ့ရဲ့ အောင်မြင်မှု​တွေက အလွန်နက်နဲနေပြီ။ ငါ​တောင်  သူ့ကို မယှဉ်နိုင်ဘူး” 

“ပိုကြောက်စရာကောင်းတာက သူက အရမ်းငယ်သေးတာဘဲ။  သူ့ရဲ့အနာဂတ်တိုးတက်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး။  အနာဂတ်မှာ သူ ဘယ်လောက်ထိ ကြောက်စရာကောင်း​အောင်​တော်လာမယ်ဆိုတာ​တောင် ငါလည်း မသိဘူး။  ကျီမော့သာ သူ့ကို လက်ထပ်နိုင်ရင် သူမအတွက် မကောင်းတာမရှိဘူး။” 

“ဒါပေမယ့် ဒီကလေးရဲ့ လက်ရှိအခြေအနေကတော့ နည်းနည်းနိမ့်နေသေးတယ်။  ကောင်းကင်နတ်ဆိုးဂိုဏ်းအကြီးအကဲ…” 

သူသည် ထိုအ​ကြောင်းကို တွေးပြီးသည်နှင့် ခေါင်းကိုက်သလို ခံစားရပြီး သူ၏ နားထင်​တွေကို ပွတ်သပ်လိုက်မိသည်။ 

"ထားလိုက်ပါ၊ ဆုပေးပွဲကို အရင်လုပ်ရမယ်။" 

ကျင့်ကြံသူအများအပြားသည် ပြိုင်ပွဲကွင်းအတွင်း စုရုံးနေပြီဖြစ်သည်။ 

အားလုံးသည် နောက်ဆုံးရလဒ်ကို သိရှိပြီး အဆင့်သတ်မှတ်ချက်ကို မြင်ထားကြပြီးဖြစ်သော်လည်း လာမည့်ဆုများအတွက် မျှော်လင့်ခြင်းများဖြင့် ပြည့်နေဆဲဖြစ်သည်။ 

လူအုပ်ကြီးထဲတွင် အမျိုးမျိုးသော ဆွေးနွေးမှုများ ဆက်လက်ရှိနေသည်။ 

မရေမတွက်နိုင်သော အကြည့်များနှင့် ​ဝေဖန်မှုများသည် တစ်​နေရာသို့ ဦးတည်နေသည်။ 

"ဒါဆို ရှောင်ပိုင်က ဒီတကြိမ်​တော့ ကမ္ဘာတဝှမ်းလုံးမှာ နာမည်ကြီးလိမ့်မယ်။" 

"အတိအကျပဲ။  ပွဲနှစ်ဆယ်လုံး ပထမနေရာကိုရခဲ့ပြီး ဒီပြိုင်ပွဲမှာ လုံးဝအပြတ်အသတ်ကို ပထမနေရာ ရရှိခဲ့တယ်လေ။  သူက တကယ်ကို အစွမ်းထက်လွန်းပါတယ်ကွာ။” 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးTahanan ng mga kuwento. Tumuklas ngayon