အခန်း ၈၄

1.3K 184 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၆။ အခန်း ၈၄ သဘောမတူလို့ကွဲရတဲ့ချစ်သူတွေအများကြီးပဲ..

"စကားမစပ် ရှောင်ယန်၊ မင်းနဲ့ မြင့်မြတ်သောမိန်းမပျိုချင်ကြားက အခြေအနေ ဘယ်လိုလဲ?"

ဤလူအုပ်စုထဲတွင် ဂိုဏ်းချုပ်သည်  အရိုးဆုံးဖြစ်ပြီး ဤမေးခွန်းကို အရင်မေးသည်။

 ဂိုဏ်း၏အခြားအကြီးအကဲများက ဤမေးခွန်းကို ဂိုဏ်းချုပ်မေးသည်ကိုကြားသောအခါ လုရှောင်ယန်၏အဖြေကို နားထောင်ရန် ခေါင်းလေးတွေ စောင်းလာကြသည်။

 ကံကောင်းထောက်မစွာ၊ လုရှောင်ယန်သည် အကြောင်းပြချက်ကို ကြိုတွေးထားပြီးဖြစ်သည်။

 သူသည် ၄၅ ဒီဂရီ ထောင့်ကို မော့ကြည့်ကာ ညှိုးငယ်သော အမူအရာဖြင့် သက်ပြင်းချသည်။

 "ဟင်း..."

 လူတိုင်း၏နှလုံးသားသည် ခုန်ပေါက်သွားသည်။

 "ရှောင်ယန်၊ မင်းနဲ့ မြင့်မြတ်သောမိန်းမပျိုချင် ကြားမှာ ပြဿနာရှိလို့လား?"

 “ဇာတ်လမ်းက ရှည်တယ်။”

   လုရှောင်ယန်သည် လူတိုင်းကို စူးစူးစိုက်စိုက်ကြည့်ကာ ဝမ်းနည်းခြင်းများ ပြည့်နှက်နေသော သူ၏မျက်လုံးများဖြင့် ပြောသည်။  “ဂိုဏ်းချုပ်တို့ မသိဘူး သူ... ချင်..."

 လုရှောင်ယန် တိတ်ဆိတ်သွားသော်လည်း သူ၏စိတ်ထဲတွင် လျင်မြန်စွာ စဉ်းစားနေမိသည်။  ...အဲဒီမိန်းမနာမည်က ဘာပါလိမ့်....။

 သေစမ်း...။ သူသည် လွန်ခဲ့သည့်လအတွင်း သူ၏စွမ်းအင်အားလုံးကို ရှောင်ပိုင်ကို အမဲလိုက်ရန် အသုံးချခဲ့သည်။  နောက်ဆုံးတွင်၊ လိပ်နက်ဂိုဏ်းမှ ထိုကြက်ကလေး၏အမည်ကိုပင် မေ့သွားခဲ့သည်။

 အကြီးအကဲများ အားလုံးက သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။  "မင်းနဲ့ မြင့်မြတ်သောမိန်းမပျိုချင်ကြားမှာ ဘာဖြစ်ခဲ့တာလဲ?"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now