[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၆။ အပိုင်း ၇၉ လူငယ်တွေက သိုင်းဧကရာဇ်ကိုဂရုမစိုက်ကြဘူး၊ ငါ့လို နှစ်ထောင်ချီသက်တမ်းရှိတဲ့ သိုင်းဧကရာဇ်ကိုတောင် အနိုင်ယူချင်နေကြတယ်..
ယွင်လီကောသည် သူ့ဘက်က အနည်းငယ် အားသာချက် ရနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဤအရာအားလုံးကို သူ၏ဆရာက ပေးခဲ့ခြင်းဖြစ်သည်။ သူသည် သေချာပေါက် သူ့ဆရာ၏ လုံ့လစိုက်ထုတ်မှုကို အလဟဿ မဖြုန်းတီးနိုင်ပေ။ သူ့ဆရာ သင်ပေးခဲ့သည့် စည်းကမ်းတွေကို တိတိကျကျ လိုက်နာရမည်။
အရေးမပါတာတွေပြောတာ ရပ်ပြီး လုပ်စရာရှိတာသာလုပ်။
ပြိုင်ဘက်ကို အသာစီးရနေသည့်အချိန် အလဲထိုးရမည်။
လေးလံသောခြေလှမ်းဖြင့် ယွင်လီကောသည် ထပ်မံတိုက်ခိုက်သည်။ ရှောင်ပိုင်သည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အေးစက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထို့နောက် သူသည်လည်း ဟစ်အော်ကာ လေးလံသော ခြေလှမ်းတစ်ခုကို လှမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းမြောက်တက်လာပြီး ယွင်လီကော ထိပ်တိုက်တွေ့သည်။
ယွင်လီကောသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်းဧကရာဇ်ကျမ်းကို အရူးအမူး အသုံးပြုပြီး ရှောင်ပိုင်၏နှလုံးတည့်တည့်ကို တိုက်ခိုက်သည်။
ရှောင်ပိုင်သည် တစ်ကြိမ်ကျရှုံးပြီးနောက် မမိုက်မဲတော့ပေ။ ယွင်လီကော၏နည်းလမ်းများသည် သာမန်မဟုတ်ကြောင်း သူသိသောကြောင့် တစ်ဖက်လူကို တိုပ်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားလိုက်သည်။
အတွေးတစ်ခုဖြင့် သူသည် သူတော်စင် အဆင့်မြင့် သိုင်းပညာ -တလက်လက်အလင်းတန်းအရိပ်များကို အသက်သွင်းလိုက်သည်။ ၎င်းသည် သူ၏အရှိန်ကို အဆပေါင်းများစွာ တိုးမြှင့်ပေးပြီး ယွင်လီကော၏တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ရှားလိုက်နိုင်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantasyပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y