အပိုင်း ၁၈၅+၁၈၆

1K 116 3
                                    

[Unicode]
အပိုင်း ၁၈၅ အကူအညီ​တောင်းခြင်း..

ဘုရင်ကျီနဉ်သည် သူ့သားကို ရှုပ်ယှက်ခတ်စွာ ကြည့်နေသည်။ သူ့သားက ဘာ့ကြောင့် ဒီလိုပြောမှန်း မသိ​ပေ။

"ဘာအတွက်လဲ?"

"မေးတာကို ရပ်လိုက်ပါ။ ကျွန်​တော်တို့မှာ အချိန်သိပ်မရှိဘူး၊ ကျွန်​တော်ပြောသလို မြန်မြန်လုပ်။"

"ကောင်းပြီ"

ဘုရင်ကျီနဉ်သည် အကြောင်းရင်းကို မသိသော်လည်း၊ သူ့သားသည် သူထိန်းချုပ်နိုင်သည့်သူတစ်ယောက်မဟုတ်တော့ကြောင်း သူသိသည်။

ယခုအခါ ကျင့်ကြံမှုအဆင့်မှလွဲ၍ သူ့သားသည် ကဏ္ဍပေါင်းစုံတွင် သူ့ကို လုံးဝကို ကျော်လွန်နေပြီဖြစ်သည်။

ဘုရင်ကျီနဉ်က သူ့ကို ကျီဝူရှားရဲ့ ခြံဝင်းထဲကို အမြန်ခေါ်သွားခဲ့သည်။ စကားတစ်ခွန်းမှ မပြောဘဲ ကျီဝူရှန်သည် သူ၏ သိုလှောင်လက်စွပ်မှ ထိပ်တန်း ဝိညာဉ်ကျောက်တုံးကို ချက်ချင်းထုတ်ကာ အစီအရင် အူတိုင်တွင် ထားလိုက်သည်။

လုရှာင်ယန်သည် တစ်နေ့တွင် ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားစေရန်အတွက် ဤနေရာတွင် အစီအရင်တစ်ခုရှိနေကြောင်း ကြိုပြောထားသည်။ သူ မဖြေရှင်းနိုင်တဲ့ အရာတစ်ခုရှိရင် ဒီကိုလာပြီး ပုန်းအောင်းနိုင်မယ်လို့ ပြောသည်။

အစီအရင်ကို အသက်သွင်းလိုက်သောအခါ၊ သိုင်းဧကရာဇ်အဆင့်အစီအရင်၏ အငွေ့အသက်သည် ပေါက်ကွဲထွက်လာပြီး ညကောင်းကင်အောက်တွင် လျှပ်စီးကြောင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

"သေတာပဲ!"

ဘုရင်ကျီနဉ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤနေရာတွင် သိုင်းဘုရင်အဆင့်အစီအရင်အမှန်တကယ်ရှိလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့အပြင်၊ ရောင်ဝါအရ၊ အမှန်တကယ်တွင် နှစ်ခု​တောင်ရှိတာလား။

ဟာသပဲ.

မဟာကျိုးနန်းမြို့​တော် တစ်ခုလုံးသည် သိုင်းဘုရင်အဆင့်အစီအရင်များ၏ ကွင်းဆက်များဖြင့် ဝန်းရံထားကြောင်း သိထားရမည်ဖြစ်သည်။

အခြားသော သိုင်းဘုရင်အဆင့်အစီအရင်၏ထိပ်တွင် သိုင်းဘုရင်အဆင့်အစီအရင်တည်ဆောက်ခြင်းသည် လက်တွေ့မကျပေ။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ