အခန်း ၁၂၈ ဒေါသထွက်​နေတဲ့ သိုင်းဘုရင်အဆင့် ကျင့်ကြံသူ..

1K 125 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၉။ အခန်း ၁၂၈ ဒေါသထွက်​နေတဲ့ သိုင်းဘုရင်အဆင့် ကျင့်ကြံသူ..

ထိတ်လန့်သွားပြီးနောက်တွင်၊ ယွဲ့ယင်း၏ မျက်နှာသည် စိတ်သက်သာရာရသွားသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

 ကံကောင်းထောက်မစွာ၊ သူမသည် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။ သူမ သိုင်းဘုရင်အဆင့် လက်နက်ဖြင့် ဖိနှိပ်ခံခဲ့ရသော်လည်း လုရှောင်ယန်သည် သူ၏ သိုင်းဘုရင်အဆင့်  အမှတ်အသားကို ထပ်မံအသုံးပြု၍ မရတော့ပေ။

 အနည်းဆုံးတော့ သူမသည် သူ၏ သိုင်းဘုရင်အဆင့် လက်နက်များထဲမှ တစ်ခုကို ကန့်သတ်ထားသည်။

 သို့သော်လည်း ယွဲ့ယင်း သက်ပြင်းချနိုင်ပြီဟု တွေး​နေစဉ် လုရှောင်ယန်၏ အေးစက်သောအသံက သူမကို တုန်လှုပ်စေပြန်သည်။

 "မင်းရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီလား။ ငါက မပြီးသေးဘူး။"

 "သွားပြီ… ပြေး..."

 ဤအတွေးသည် ယွဲ့ယင်း၏စိတ်ထဲသို့ ချက်ချင်းဝင်လာသည်။

 ကံမကောင်းစွာပဲ၊ ဤအတွေးပေါ်လာသည်နှင့်အံကိုက်တွင် လုရှောင်ယန်၏ အာကာပြင်ဖြိုခွဲတူသည်လည်း တစ်ချိန်တည်းမှာပင် ပြုတ်ကျလာသည်။

 "​နင့်ဖွားအေပဲ​ဟေ့...."

 မိန်းမတစ်ယောက်အနေနှင့် ယွဲ့ယင်းသည် ကျိန်ဆဲခဲသည်။

 အထူးသဖြင့် သူမသည် သိုင်းဘုရင်အဆင့်  ကျွမ်းကျင်သူဖြစ်လာပြီးနောက်တွင် သူမကျိန်ဆဲသည့်အကြိမ်အရေအတွက် လျော့နည်းသွားသည်။

 သို့သော် ယနေ့တွင်တော့ သူမ အမှန်တကယ် မထိန်းနိုင်​တော့​ပေ။

 လုရှောင်ယန်၏ အင်အားသည် သိုင်းဘုရင်အဆင့် မဟုတ်သော်လည်း သူသည် သိုင်းဘုရင်အဆင့် လက်နက်တစ်ခုပြီးတစ်ခု ထုတ်နိုင်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now