အခန်း ၁၀၂ ယုံကြည်ချက်ရှိပြီ

1.2K 187 5
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၇။ အခန်း ၁၀၂ ယုံကြည်ချက်ရှိပြီ

လုရှောင်ယန်သည် ကြောင်အနေသော လီချန်းရှန်ကို လုံးဝ ဂရုမစိုက်ပေ။

 “ဒဏ်ရာတွေကို ကုသရုံလောက်က နောက်ပိုင်းအဆင့်တွေမှာ အများကြီး အသုံးမဝင်ဘူး။ ကျင့်ကြံရမယ့်အစား ပိုဒုက္ခဖြစ်လိမ့်မယ်။ ဒါ့ကြောင့် မင်း ခန္ဓာကိုယ်ကို အရင်ပြုပြင်ဖို့နဲ့ အားကောင်းစေဖို့ ငါလည်း သိုင်းဘုရင်အဆင့်ဆေးလုံးကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနည်းနဲ့ နောက်ပိုင်းအဆင့်တွေမှာပါ ပိုပြီး ထိရောက်စွာ ကျင့်ကြံနိုင်လိမ့်မယ်။”

 လုရှောင်ယန် လိုချင်သည်မှာ ဉာဏ်ကြီးရှင်တပည့်ဖြစ်ပြီး မိုက်မဲသည့် တပည့်တစ်ယောက်မဟုတ်ပေ။

 သူသည် တဖက်သူကို မြန်မြန်ဆန်ဆန် ကျင့်ကြံပြီး သူ့အတွက် အကျိုးကျေးဇူးတွေ မြန်မြန် ရစေဖို့လိုလားသည်။

 ယင်းအတွက် အစောပိုင်းအဆင့်များတွင် စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်ရန် လိုအပ်သည်။

 ထို့နောက် သူသည် သိုင်းဘုရင်အဆင့် ဆေးပြားအချို့ကို ချေပြီး ဆေးဖက်ဝင်အပင်များထဲသို့ ပေါင်းထည့်ကာ ၎င်းတို့ကို လီချန်းရှန်က အတူတကွ စုပ်ယူနိုင်ရန် စောင့်မျှော်နေသည်။

           လီချန်းရှန် အသက်ပြင်းပြင်းရှူလိုက်သည်။

        ယခုအချိန်တွင် သူပါဝင်ရမည့်အလှည့်ဖြစ်သည်။

 ဤဖြစ်စဉ်သည် အလွန်နာကျင်လိမ့်မည်။ သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်အတွက် ဆေးဖက်ဝင်အပင်များစွာ၏ ဆေးဘက်ဆိုင်ရာအစွမ်းဖြင့် ၊ ဆဲလ်တိုင်းကို ဆေးကြောမည်ဟု ခန့်မှန်းရသည်။

 သူပြင်ဆင်ထားပြီးသားပင်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးOnde histórias criam vida. Descubra agora