[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီးစာစဉ် - ၄
အခန်း ၅၂ မတရားမှုကိုတွေ့ရင် ရှောင်သွားလိုက်...
သူတို့ငါးဦးသည် သေချာပေါက် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များဖြင့် တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသောအခါ ရုတ်တရက်ဆိုသလို လုရှောင်ယန်သည် သူ၏ညာလက်ကို ဆန့်တန်းလိုက်သည်။
"ခဏရပ်လိုက်!"
သူတို့ငါးယောက်သည် အံ့အားသင့်သွားပြီး လုရှောင်ယန်၏ရှေ့တွင် ရပ်လိုက်မိကြသည်။
လုရှောင်ယန်၏ အရှိန်အဝါကြောင့် သူတို့ ထိတ်လန့်သွားခြင်း မဟုတ်ပေ။ သို့သော် ဤမျှ နီးကပ်သော အကွာအဝေးတွင် လုရှောင်ယန် လုံးဝမလွတ်မြောက်နိုင်ပေ။
ထို့ကြောင့် လုရှောင်ယန် ဘာလုပ်ချင်သည်ကို မြင်ချင်ကြသည်။
လုရှောင်ယန်သည် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ငါမှာ မေးချင်တာတစ်ခုရှိတယ်။ ငါက အသေအချာကြီးကို ထွက်ပြေးနေတဲ့သူပါ၊ အဝေးကြီးအထိလဲရောက်နေပြီ။ တည်းခိုခန်းမှာ ကောင်းကင်ဓားဂိုဏ်းက အကြီးအကဲ သုံးဦးရှိသေးတယ်။ ဘာလို့သူတို့ကို မသတ်ဘဲ ငါ့နောက်ကိုလိုက်လာတာလဲ?"
သူတို့ငါးယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ချက်ခြင်း ရယ်ကြတော့သည်။
"ဟားဟား... ငါတို့ကို အ တယ်ထင်နေတာလား? ကောင်းကင်ဓားဂိုဏ်းရဲ့ အကြီးအကဲသုံးဦးက မလွတ်မြောက်နိုင်ဘူး သူတို့ကသုံးယောက်ထဲရှိတာ။ ငါတို့ သူတို့သုံးယောက်ကို အတူတူသတ်ရင်တောင် ဆုငွေဘယ်လောက်ရမှာမလို့လဲ?"
“ဒါပေမယ့် မင်းက မတူဘူး။ ငါတို့ မင်း တစ်ယောက်တည်းကို သတ်နိုင်ရင်တောင် ငါတို့ငါးယောက်က ဆုလာဘ်ကို အညီအမျှရလိမ့်မယ်။ ဒီဆုလာဘ်က ပိုကြီးတယ်။”
CITEȘTI
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantezieပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y