အခန်း ၄၉ ဒီတည်းခိုခန်းက တစ်ခုခုမှား​နေတယ်...

1.5K 206 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၄၉ ဒီတည်းခိုခန်းက တစ်ခုခုမှား​နေတယ်... 

တစ်နာရီကြာပြီးနောက်တွင် ညိုမဲ​နေ​အောင်အရိုက်ခံခဲ့ရသော လောင်လျှို့သည် သူတို့သုံးဦး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ 

"မင်းနားလည်ပြီလား?" လောင်လျှို့၏ ရောင်ရမ်းနေပြီဖြစ်သော မျက်နှာကို ယွင်လီကောက ပါးရိုက်လိုက်သဖြင့်  ပို၍​​စုတ်ပြတ်သွား​သည်။ 

"ကျွန်တော်နားလည်ပါပြီ...နားလည်ပါပြီ..."  လောင်လျှို့သည် သူတို့သုံးယောက်ကို ဤမျှ စည်းလုံးညီညွတ်မှုရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ 

သူတို့၏ကျင့်ကြံဆင့်သည် သူ့ထက် နိမ့်ကျနေ​သော်လည်း အတူတူ ပူး​ပေါင်းတိုက်ခိုက်ကြသည့်အခါ တကယ်ကြီးကို သူ ပြန်မတိုက်နိုင်ခဲ့​ပေ။ 

အထူးသဖြင့် မင်းသမီးလေး၏ ဆရာတူ​မောင်​လေးပင်။  သူ၏ခန္ဓာကိုယ်သည် လိပ်ခွံသဖွယ် မာ​ကျော​နေကာ တိုက်ခိုက်မှုကို​ကောင်း​ကောင်းခုခံနိုင်သည်။ လောင်လျှို့၏တိုက်ခိုက်မှုများသည် သူ့ကို ကလိထိုး​နေသလိုပင်။  ထို့အပြင် သူ၏တန်ပြန်တိုက်ခိုက်မှုမှာ​တော့ အလွန်အင်အား​ကောင်းသည်။ 

အကယ်၍ တစ်ဦးချင်း တိုက်ပွဲဆိုလျှင် လောင်လျှို့သည် ဤမျှလောက် သနားစရာကောင်းအောင် ညှဉ်းပန်းနှိပ်စက်ခံရမည်မဟုတ်ပေ။  သို့သော် ပြဿနာမှာ ထိုဆရာတူ​မောင်​လေးသည် ရှေ့မှ ပိတ်ဆို့ပြီး တိုက်ခိုက်မှုအားလုံးကို ဆီးကာသည်။  ထို့နောက်တွင် မင်းသမီးနှင့် သူမ၏ဆရာတူအစ်ကိုသည် ထိုသူ၏နောက်မှနေ၍ အရူးအမူးတိုက်ခိုက်သည်။သူတို့သုံး​ယောက်​ပေါင်းအင်အားဖြင့် လောင်လျှို့  လုံးဝပြန်မတိုက်ခိုက်နိုင်သည်အထိ ရိုက်နှက်ခဲ့သည်။ ပို၍ ပုံမှန်မဟုတ်သည်မှာ သူတို့ သုံးယောက် ဝိညာဉ်စွမ်းအင်ကို စုပ်ယူသည့် အရှိန်သည် အရမ်းမြန်လွန်းသည်။ ထို့​ကြောင့်သူတို့သည် နည်းနည်းမှ မမောပန်းပဲ ​တောက်​လျှောက်တိုက်ခိုက်နိုင်သည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now