အခန်း ၈၆ နတ်ဆိုးဂိုဏ်း ​ရောက်လာတယ်..

1.3K 173 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၆။ အခန်း ၈၆ နတ်ဆိုးဂိုဏ်း ​ရောက်လာတယ်..

လုရှောင်ယန် : "???"

 ဝမ့်ခိုက်က တကယ်ပဲ ခွေးတစ်ကောင်လား?

 သို့သော်... တစ်ခုခုတော့ မှားနေပုံရသည်။

 ဒီမတိုင်ခင်က ဝမ့်ခိုက်ဟာ သူ့ရဲ့ရုပ်သွင်အမှန်ကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သလို သူ၏ ခန္ဓာကိုယ်ထဲတွင် အမြဲရှိနေခဲ့သည်။  သူ့တွင် အသိစိတ်သက်သက်သာ ရှိသည်။

 ယခုမူ သူအမှန်တကယ် သန်မာလာခဲ့သည်။  မြင်းနက်တွေရဲ့ ကံ​ကောင်းမှုကို စုပ်ယူထားတာကြောင့် များလား? ဤစုပ်ယူမှုသည် ဝမ့်ခိုက်အား ပုံသဏ္ဍာန်ဖွဲ့နိုင်သည်အထိ ပိုမိုသန်မာလာစေသည်လား?

 ဒါပေမယ့် ဘာကြောင့်များ ခွေးအဖြစ် ပေါ်လာရတာလဲ?

 ဘာလို့ ခွေးလဲ?  ကြက်၊ ဘဲ၊ ငါးတို့ ဘာတို့ မဟုတ်ဘဲနဲ့​လေ။

 ဤအခိုက်အတန့်တွင်၊ လုရှောင်ယန်သည် ဝမ့်ခိုက်၏ဝိသေသလက္ခဏာနှင့် ပတ်သက်၍ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

 ဝမ့်ခိုက်သည် သူ့အား စိတ်ကျေနပ်စေရန် ခွေးတစ်ကောင် ဖြစ်လာသည်ဟု သူ မယုံပေ။  ထိုသို့ဆိုလျှင် သူသည် အလွန်နှိမ့်ချလွန်းသည် မဟုတ်​ပေလော။

 ထို့အပြင် ဝမ့်ခိုက်၏နည်းလမ်းများသည် သာမန်မဟုတ်ပေ။

 ပထမဦးစွာ၊ သူသည် သိုင်းဘုရင်အဆင့်လက်နက်များ၊ သိုင်းဘုရင်အဆင့်  ကျင့်ကြံခြင်းနည်းလမ်းများ၊ သိုင်းဘုရင်အဆင့် အစီအရင်များနှင့် ဆေးဖက်ဝင်ဆေးပြားများကို တိုက်ရိုက် ပေးအပ်နိုင်သည်... ဤအရာများအားလုံးသည် မြင်းနက် ၊ ရှောင်ပိုင်၏ ရတနာများထက်ပင် ပိုလို့ကောင်းသည်။

 ဒါက ရှောင်ပိုင်ရဲ့ ကံ​ကောင်းမှုက ဝမ့်ခိုက်ကို မယှဉ်နိုင်ဘူးလို့ ဆိုလိုလိုက်တာပဲ။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now