အခန်း ၁၁၂ လောင်မင်ရဲ့ ဆုံးရှုံးမှု

1.2K 157 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၁၂ လောင်မင်ရဲ့ ဆုံးရှုံးမှု

သို့သော် ယင်းကိုတွေ့ကြုံပြီးနောက် ကျီဝူရှားသည် လုရှောင်ယန်အပေါ် အနည်းငယ်ပို၍ လေးစားလာကာ ကြောက်ရွံ့မှုလည်း ခံစားရသည်။

ငါ့ဆရာက ဘယ်လောက်တောင် တန်ခိုးကြီးလိုက်လဲ?

 ငါ့ဆရာအတွက် ကန့်သတ်ချက်ဆိုတာ ဘယ်မှာလဲ?

 သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတောင်မှ သူမဆရာရဲ့ ခွန်အားနဲ့ မထိုက်တန်ဘူးလို့ သူမ ခံစားခဲ့ရသည်။

 သူမ၏ဆရာသည် သေမျိုးကမ္ဘာကို ကျော်လွန်ခဲ့သည်မှာ ကာလအတန်ကြာပြီး  သိုင်းဘုရင်အဆင့်ကို အတော်လေး ကျော်လွန်နိုင်ခဲ့ခြင်းကြောင့် ဖြစ်နေမလား?

           ဒါကိုတွေးပြီး ကျီဝူရှားသည် မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။

 သူမ၏ မှတ်ညဏ်အချို့ကို ဆရာဖြစ်သူက ပြုပြင်မွမ်းမံခြင်း ရှိမရှိကိုပင် သူမ သံသယဝင်လာမိသည်။ သူမရဲ့ လက်ရှိမှတ်ညဏ်အချို့ဟာ အစစ်အမှန်မဟုတ်တာ ဖြစ်နိုင်သလား?

 ဒါကိုတွေးကြည့်ရင်း သူတို့သုံးယောက်သည် ကောင်းကင်အကျဉ်းထောင်၏ တတိယအဆင့်ကို ရောက်နေလေပြီ။

 ကောင်းကင်အကျဉ်းထောင်ထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် လုရှောင်ယန်သည် မထိမ်းနိုင်ဘဲ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

           စင်စစ် ဤထောင်ထဲတွင် နတ်ဆိုးအငွေ့အသက်တွေ ရှိနေသည်။

 ဤနတ်ဆိုး ရောင်ဝါသည် ကောင်းကင်အကျဉ်းထောင်ရှိ အေးစက်သော ရောင်ဝါဖြင့် ဖုံးကွယ်ထားပြီး ၎င်းကို ပေါင်းစပ်ထားသည်။  ဒါကြောင့် သာမာန်လူတွေက ဒါကို လွယ်လွယ်နဲ့ မခံစားနိုင်ကြပေ။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWo Geschichten leben. Entdecke jetzt