အခန်း ၄၂ ဆရာဦးလေးလီကလည်း ပုန်းကွယ်​နေတဲ့သိုင်းအ​ကျော်အ​မော်ပဲလား...

1.6K 206 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၄၂ ဆရာဦးလေးလီကလည်း ပုန်းကွယ်​နေတဲ့သိုင်းအ​ကျော်အ​မော်ပဲလား... 

လုရှောင်ယန် ဂိုဏ်းခန်းမဆောင်မှထွက်၍ ဂိုဏ်းချုပ်မှ စီစဉ်ပေးထားသည့် ဝိညာဉ်ကျောက်တုံး ယူရန် ရတနာခန်းမသို့ သွားလိုက်သည်။ 

မလွတ်မြောက်နိုင်တော့ဘူးဆိုမှတော့ ရသမျှပစ္စည်းကိုသာ အိတ်ကပ်ထဲအရင်ထည့်ဖို့​တွေးလိုက်သည်။ 

အကယ်၍ သူသာ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ရတနာခန်းမကို သိမ်းနိုင်ခဲ့လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ရတနာများနှင့်မယှဉ်နိုင်​သော်လည်း သူ​ ဝိညာဉ်​ကျောက်တုံး တော်​တော်များများ ပိုင်ဆိုင်နိုင်သေးသည်။ သို့သော် ထိုကိစ္စသည် အနည်းငယ် စွန့်စားလွန်းရာကျ​နေ၍သာ သူမလုပ်ခဲ့ခြင်းပင်။ 

သူလိုချင်သည်မှာ အရိုးဖြူနတ်ဆိုးဂိုဏ်း လုံးဝ​ပျော်ကွယ်သွားပြီး ကျီရွှေ့ ​တောင်ထိပ်၏ လျှို့ဝှက်ချက်ဘယ်​တော့မှ မ​ပေါက်ကြား​စေရန်ဖြစ်သည်။ သူသာ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ရတနာခန်းမကို ​လောဘတက်ပြီး ဂိုဏ်းသားတစ်​ယောက် နှစ်​ယောက်ကိုလွတ်​စေခဲ့လျှင် ဒုက္ခရောက်သွားလိမ့်မည်။

" အိုး...ရှောင်ယန် မင်း​ရောက်​နေတာပဲ..လာ..ထိုင်" 

လုရှောင်ယန် ဂိုဏ်း၏ရတနာခန်းမ သို့​ရောက်လာသည်နှင့် အကြီးအကဲများက သူ့ကိုလှိုက်လှဲစွာကြိုဆိုကြသည်။ သူတို့သည် ထိုင်ခုံများထုတ်​ပေးကာ ​ရေ​နွေးကြမ်းများ တည်ခင်း​ပေးပြီး အလွန်​နွေး​ထွေးသည်ဟုထင်ရသည်။ ပြီးခဲ့သည့်တစ်​ခေါက်လာစဉ်ကနှင့် လုံးဝတခြားစီပင်။ 

အ​ကြောင်းအရင်းမှာတော့ အကာအကွယ်အခင်းအကျင်းတည်ဆောက်ရာတွင် လုရှောင်ယန်၏ ​ကျွမ်းကျင်မှုမှာ အား​ကောင်းလွန်း​သော​ကြောင့် ဂိုဏ်းထဲတွင် အလွန်​ကျော်ကြား​နေ၍ဖြစ်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now