အခန်း ၁၀၅ ဒုတိယပန်းတိုင်

1.3K 166 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၇။ အခန်း ၁၀၅ ဒုတိယပန်းတိုင်

လီချန်းရှန်က ပြုံးပြီးပြောသည်။ "ဆရာ၊ မှားနေပြီ။  ဒီဓားသိုင်းက ကောင်းကင်ဖြိုခွဲ ဓားသူတော်စင်ရဲ့ အပျက်အစီးတွေကြားက ကျွန်တော်ရရှိခဲ့တဲ့ အမွေအနှစ်တစ်ခုပါ။ သူ့ရဲ့အဆင့်က မနိမ့်ကျဘူး။ အလယ်အလတ်တန်းစား သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုပါ။  ဒါပေမယ့်၊ အဲ့တာက အလယ်အလတ်တန်းစား သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းဆိုပေမယ့်၊ ဒီဓားသိုင်းရဲ့ ဓားနည်းစနစ်က အလွန်ခက်ခဲလှပါတယ်။ အဲ့တာက ကျွန်တော်ကျင့်ကြံခဲ့တဲ့ အဆင့်မြင့် သူတော်စင်အဆင့် အဇူရာကြာပန်းဓားကျင့်စဉ်လို လျှို့ဝှက်နည်းပညာထက် အနည်းငယ် ပိုအားကောင်းတယ်—”

 လုရှောင်ယန် ဆွံ့အသွားသည်။

 “ဘာပဲဖြစ်ဖြစ် ဒါက သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုပဲ။ ငါ့စကားကို နားထောင်… အဲဒါကို မကျင့်ကြံနဲ့။ အချိန်ကုန်တယ်။ ငါ့မှာ ထိပ်တန်း သိုင်းဘုရင်အဆင့် ဓားသိုင်းတစ်ခုရှိတယ်။ အဲ့တာ အရင် ကျင့်ကြံ။"

 လီချန်းရှန် ၏ မျက်နှာသည် ချက်ချင်းပင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

 သိုင်းဘုရင်အဆင့် ဓားသိုင်း.....။

 မဟာကျိုး အင်ပါယာကြီးတစ်ခုလုံးတွင် သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခု သို့မဟုတ် နှစ်ခုရှိလျှင်ပင် မဆိုးလှပြီ။ နောက်ဆုံးတွင်၊ ဤဆရာသည် သိုင်းဘုရင်အဆင့် ဓားသိုင်းကိုပင် အမှန်တကယ်ပိုင်ဆိုင်သည်။

 သူခုလေးတင်ပြသခဲ့သော အဇူရာသက်ရှည်အနုပညာကိုပါထည့်တွက်လျှင် သူ၏ဆရာသည် မဟာကျိုးတစ်ခုလုံးကိုပင် ရိုးရှင်းစွာ နင်းချေနေသည်။

 သို့သော် သေသေချာချာတွေးကြည့်လျှင် သူ၏ဆရာမှာ နတ်ဘုရားအဆင့် ဓါးဝိညာဉ်ပင် ရှိသေး

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now