အခန်း ၉၇ စတုတ္ထမြောက်တပည့်

1.2K 186 4
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၇။ အခန်း ၉၇ စတုတ္ထမြောက်တပည့်

“ငါတို့က အရှုံးမပေးလိုတဲ့ အလုပ်ကြိုးစားတဲ့ အုပ်စုပါ၊ ကမ္ဘာကြီးကို မပျက်စီးအောင် တားဆီးဖို့နဲ့ ကမ္ဘာကြီးရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့အတွက်၊ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ လူဆိုးတွေ ဖြစ်လာဖို့ တွန်းအားပေးခံခဲ့ရတယ်။

 ငါတို့က ဖုချိုးကျဲယ်သွေးသောက်အဖွဲ့ပဲ။"

 လီချန်းရှန် ခဏလောက် နှုတ်ဆိတ်သွားကာ "ကျုပ် နားမလည်ဘူး" ဟု ပြောလာသည်။

           လုရှောင်ယန် : “…” ထို့နောက် သူ၏ရှက်ရွံ့မှုကို ဖုံးကွယ်ရန် အသာအယာ ချောင်းဆိုးလိုက်သည်။

           “အဟမ်း… တိုတိုပြောရရင် မင်း ငါတို့နဲ့ပူးပေါင်းရင် မင်းရဲ့ရန်သူတွေကိုသတ်ပြီး မင်းမိဘတွေအတွက် လက်စားချေနိုင်တယ်ဆိုတာသာ သိထားလိုက်တော့။ ဒီလောက်ဆို ရှင်းလောက်ပါပြီ။”

                           

 လီချန်းရှန်သည် လုရှောင်ယန်၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေသည်။

 "ကျုပ်ကို တပည့်အဖြစ်လက်ခံတယ်ဆိုတာ ဘာကိုဆိုလိုလဲ ခင်ဗျားသိရဲ့လား?  ဆိုလိုတာက ခင်ဗျားက မထင်မှတ်လောက်အောင် အစွမ်းထက်တဲ့ သူ နဲ့ ရန်သူ ဖြစ်လာမယ်။  သူ ခင်ဗျားကို သတ်မှာလားကတော့ မသေချာဘူး... ဒါပေမယ့် ခင်ဗျား ကျုပ်ကိစ္စထဲပါဝင်ပတ်သတ်လိုက်ပြီဆိုတာနဲ့ သူ ခင်ဗျားကိုမသတ်ဘူးဆိုရင်တောင်မှ ကျုပ်လိုအခြေအနေမျိုးနဲ့ အဆုံးသတ်ရနိုင်တယ်...။"

 လုရှောင်ယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

           “သူ့ရဲ့ လက်အောက်ငယ်သားကို ငါ မီးရှို့သတ်ပြီးပြီ။ ငါမင်းကိုလက်မခံဘူးဆိုရင်တောင် ငါ့ကိုလွှတ်ပေးမယ်လို့ မင်းထင်နေလား?"  လီချန်းရှန် မျက်လုံးများမှိတ်ပြီး ပြုံးလိုက်သည်။  “ဒီကမ္ဘာမှာ ကျုပ်ထက် ရဲရင့်တဲ့သူ ရှိမယ်လို့ မမျှော်လင့်ထားဘူး။  ခင်ဗျားတောင် ဂရုမစိုက်ဘူးဆိုမှတော့ ထားလိုက်ပါ၊ ကျုပ်က ဘာကိုကြောက်နေရဦးမှာလဲ?"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးDonde viven las historias. Descúbrelo ahora