စာစဉ် - ၅။ အခန်း ၆၈

1.4K 205 15
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၆၈

သူမလက်အောက်ငယ်သား ထွက်သွားပြီးနောက်၊ ချင်ကျီမော့ ​သူမ၏မျက်နှာကိုလက်နှင့်အုပ်ပြီး မြက်ခင်းပြင်ပေါ်တွင် ထိုင်ကာ လကို ငေးမောကြည့်လိုက်သည်။ 

ဒီအချိန်မှာ သူမဟာ အရူးတစ်ယောက်လိုပါပဲ။  သူမသည် အကြောင်းပြချက်မရှိဘဲ ရယ်မောကာ မျက်နှာနီမြန်း​နေသည်။ 

သူမသည် လိပ်နက်ဂိုဏ်း၏ မြင့်မြတ်သော မိန်းမပျိုဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ယောက်ျားတစ်​ယောက်အပေါ်တွင် ဤကဲ့သို့ မခံစားခဲ့ဖူးပေ။  ဤကဲ့သို့​သောခံစားချက်မျိုး ခံစားလာရသည့်အခါတွင် သူမ၏ အိုင်ကျူသည် တဖြည်းဖြည်း ကျဆင်းလာသည်ကိုတောင် သတိမထားမိပါ​ပေ။ 

“ငါဘယ်သူလဲဆိုတာ မသိသေး​လောက်ဘူး။  သူငါ့ကိုဒီမှာတွေ့ရင် အံ့သြသွားမလားလို့ သိချင်မိတယ်။" 

          

"သူ ဘာအရောင် ကြိုက်လဲမသိဘူး။  ငါဒီနေ့အဖြူရောင်ဝတ်စုံဝတ်ထားတယ်။  အဖြူရောင်ကို မကြိုက်ဘဲများနေမလား။" 

"တွေ့တဲ့အခါ သူ့ကို ငါ ဘယ်လိုနှုတ်ဆက်ရမလဲ?  'မင်္ဂလာပါ ငါက ချင်ကျီမော့' ဒါမှမဟုတ် 'ထပ်​တွေ့ကြပြန်ပြီနော်။  ဟေး ငါ ချင်ကျီမော့ပါ။" 

“ပထမတစ်မျိုးက အရမ်းပုံမှန်ဆန်တယ်၊ ဒုတိယတစ်မျိုးကတော့ အရမ်းမိုက်ပုံရတယ်။  တကယ်တော့ ငါ သူ့ကို စကားတောင် မပြောဖူးဘူးပဲ။” 

ချင်ကျီမော့ မျက်မှောင်ကြုတ်ပြီး အ​တော်​လေး အကျပ်ရိုက်သွားသည်။ 

          

ကောင်းကင်မှာ လရောင်တွေ တရိပ်ရိပ်ရွေ့လျားနေကာ အချိန်တွေက တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသည်။ 

မကြာခင် နှစ်နာရီကုန်ဆုံးသွားလေသည်။ 

"​နေဦး သူဘာလို့ဒီကို မ​ရောက်သေးတာလဲ? အလုပ်များနေလို့  ဖြစ်နိုင်တာပဲ။ ငါနည်းနည်းထပ်စောင့်ရမယ်။" 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now