အခန်း ၁၁၉ ဒေါသထွက်နေတဲ့ လင်းဖေး

1.2K 160 4
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၁၉ ဒေါသထွက်နေတဲ့ လင်းဖေး

"အဆင့်မြင့် ဝိညာဉ်ကျောက် တစ်သန်းနဲ့ တစ်သိန်း"  အားလုံး ထိတ်လန့်နေကြစဉ်မှာပဲ လုရှောင်ယန်က ထပ်ပြီးအော်လိုက်သည်။

 ကျီဝူရှားသည် နေရာတွင်ပင် သတိလစ်တော့မလို ခံစားလိုက်ရသည်။

 သူမသည် မထိန်းနိုင်ပဲ သူမ၏ဆရာသည် သေလမ်းရှာနေသည်လားဟုပင်တွေးမိသွားသည်။

 သူမဆရာက အဆင့်မြင့်ဝိဉာဉ်ကျောက်တုံး တစ်သန်းနှင့် တစ်သိန်းကို လေလံဆွဲပြီးဖြစ်သည်။ တဖက်လူက ဆက်ပေးဦးမည်လား။

 သူမ၏ဆရာသည်  ထိုတန်ဖိုးအကုန်လုံးကို သူ့ဘာသာ  ပေးချေရမည်ဟု သူမ ခံစားမိသည်။

 အခြားပရိသတ်များကလည်း တုန်လှုပ်ခြောက်ခြားသွားကြသည်။

 မင်းသမီး ရူယန် ဒေါသထွက်သွားသည်။

 "ဒီလူယုတ်မာ။ ငါ သူ့ကို တကယ်သတ်ချင်နေပြီ.."

 လင်းဖေး၏ မျက်လုံးများမှာလည်း အလွန်အေးစက်နေသည်။

 သူသည် သူ၏လက်သီးတွေကို ဆုပ်ထားသည်။

 "ရူယန်၊ ထားလိုက်ပါ၊ ဈေးက အရမ်းမြင့်တယ်။ ဒီတစ်ခါတော့ ကံဆိုးတယ်လို့ မှတ်ယူထားလိုက်ပါ။"

 ရူယန်က "တောင်းပန်ပါတယ် အစ်ကိုလင်းဖေး တောင်းပန်ပါတယ် ရှင့်ကို စိတ်ပျက်မိလို့ တောင်းပန်ပါတယ်"

သူမသသည် ဝိညာဉ်ကျောက်တုံး ၁.၂ သန်းကို မတတ်နိုင်လို့ မဟုတ်ပါ။ စင်စစ် မင်းသမီးတစ်ပါးသည် နှစ်ပေါင်းများစွာ စုဆောင်းထားသည့်အရာများ ရှိနေဆဲပင်။

 သို့သော် ပြဿနာမှာ ဤပစ္စည်းသည် ကျောက်တုံးကြီးတစ်ခုသာ ဖြစ်နေခြင်းပင်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now