အခန်း ၇၅ ငါးနှစ်အကြာမှာ ငါပြန်လာနိုင်ခဲ့ပြီ

1.4K 201 7
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၇၅ ငါးနှစ်အကြာမှာ ငါပြန်လာနိုင်ခဲ့ပြီ

မနက်မိုးလင်းတွင် တိုက်သည့် လေမှာ အနည်းငယ်အေးစိမ့်လို့နေသည်။

 အနက်ရောင် အကာအကွယ်အင်္ကျီနှင့် ဝါးခ​မောက်များ ​ဆောင်းထားသည့် ပုံရိပ်သုံးခုသည် ကျန်းမြို့အနီးသို့ တိတ်တဆိတ် ချဥ်းကပ်လာသည်။

 နေရောင်အောက်တွင် သူတို့ သုံးယောက်သည် မတ်မတ်မားမား မတ်တပ်ရပ်ကာ လမ်းပေါ်ရှိ လမ်းသွားလမ်းလာများ၏အမြင်ကို စွဲဆောင်နေသည်။

 အလယ်မှလူသည် ကျန်းမြို့  မြို့ရိုးပေါ်ရှိ ဆိုင်းဘုတ်ကိုကြည့်ကာ သူ၏မျက်လုံးများတွင် ရှုပ်ထွေးသောအမူအရာ ပေါ်လွင်​နေသည်။  “ငါးနှစ်​တောင်ရှိသွားပြီ။  နောက်ဆုံးတော့ ငါ ယွင်လီကော ပြန်လာခဲ့ပြီ။"

          ကျီဝူရှား "....."

   ဖုန်းထျန်းယွမ်: "???"

       လေထုသည် ခေတ္တတိတ်ဆိတ်နေပြီး ရှက်ရွံ့ဖွယ်ရာ​ကောင်း​​သွားသည်။

 ခဏအကြာတွင် ဖုန်းထျန်းယွမ် မ​နေနိုင်​တော့၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။

 “ဆရာတူ အစ်ကိုကြီး၊ မင်း ကျန်းမြို့က ထွက်လာတာ တစ်နှစ်ပဲ ရှိ​သေးတာ မဟုတ်လား ဘယ်က  ငါးနှစ်လဲ?”  ယွင်လီကောက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အမူအရာကင်းမဲ့စွာ​ပြောသည်။ "မင်းဘာသိလို့လဲ ဒါက ငါမသွားခင် ဆရာက ငါ့ကို ပေးခဲ့တဲ့ လျှို့ဝှက်နည်းလမ်း။ ဆရာ​ပြောတာ ငါဒီလိုပြောရင် လက်စားချေတာအဆင်ပြေဖို့ ရာခိုင်နှုန်း ၉၀% ထက် ပိုတိုးလာလိမ့်မယ်တဲ့။” 

“ဟမ်...  အဲ့စကားက ဘာထူးခြားလို့လဲ။"

 ဖုန်းထျန်းယွမ် နားမလည်နိုင်စွာ မျက်လုံးများပြူးနေတာကြောင့် ယွင်လီကော ခေါင်းသာခါလိုက်တော့သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now