အခန်း ၁၂၉ မင်းကို ငါ့​ယောကျ်ားဖြစ်​စေချင်တယ်

1.3K 154 3
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၉။ အခန်း ၁၂၉ မင်းကို ငါ့​ယောကျ်ားဖြစ်​စေချင်တယ်

အုန်း...

 ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်သည် တုန်ခါသွားပြန်သည်။ သို့သော် ယခုတစ်ကြိမ် လဲကျခဲ့သူမှာ လုရှောင်ယန် မဟုတ်ဘဲ ယွဲ့ယင်း ဖြစ်သည်။

 “အဟွတ်..အဟွတ်…”

 လုရှောင်ယန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ့တစ်ကိုယ်လုံး သွေးများဖြင့် နီရဲနေပြီဖြစ်သည်။ သူသည် ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး ပါးစပ်ထဲက သွေးအနည်းငယ် ထွက်လာသည်။

 သူခေါင်းမ​မော့ခင် ယွဲ့ယင်းက သူ့အ​ပေါ် တက်လာသည်။ သူမသည် သူ၏ဝမ်းဗိုက်အောက်ပိုင်းပေါ်တွင် တက်ထိုင်ကာ ငွေလခြမ်းဓားကို သူ့လည်ပင်း​ဘေး၌ ရွယ်ထားသည်။

 ယင်းသည် အင်ပါယာကိုးပါးယန်သံချပ်ကာ၏ အဆိုးရွားဆုံး အားနည်းချက်ဖြစ်သည်။ မျက်ခုံးကြားကနေရာကို ကာကွယ်နိုင်​သော်လည်း ထိုနေရာကို မကာကွယ်နိုင်ပါ။

 ယွဲ့ယင်း၏ဓားရှည်သည် လုရှောင်ယန်၏လည်ပင်းကို ထိုနေရာမှ ထိုးဖောက်ဝင်ရောက်နိုင်ပြီး သူ၏စိတ်ဝိညာဉ်ကိုပါ ကြေကွဲသွားစေနိုင်သည်။ သိုင်းဘုရင်အဆင့် လက်နက်တစ်ခုသည်လည်း သူ့စိတ်ဝိညာဉ်ကို ချက်ခြင်းကွဲကြေစေနိုင်သည်။

  "သိုင်းဘုရင်အဆင့်  ကျွမ်းကျင်သူတစ်ယောက်ပီသပါတယ်၊ မင်းက တော်တော်အစွမ်းထက်တယ်။"

 လုရှောင်ယန် ပြုံးလိုက်သည်။

 ယွဲ့ယင်းက ရယ်မောလိုက်သည်။  "ပြုံးနိုင်​​သေးတယ်လား။"

 "ဒါ​ပေါ့၊ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူရဲ့စိတ်ဝိညာဉ်ကို  ငါစိတ်ရှိတိုင်း တိုက်ခိုက်နိုင်ခဲ့တာဟာ ငါ့အတွက်ဂုဏ်ယူစရာပဲ၊ ဟုတ်တယ်မလား။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now