အခန်း ၁၂၄ မျိုးမစစ်အိုကြီးထောင်ချောက်ထဲဝင်ဖို့စောင့်ရမယ်

1.3K 151 5
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၂၄ မျိုးမစစ်အိုကြီးထောင်ချောက်ထဲဝင်ဖို့စောင့်ရမယ်

"တကယ်တော့ ငါသိတယ်။"

 ရှေးဟောင်း တားမြစ်နယ်မြေ ဖွင့်သည်မှာ ပြောစရာပင် မလိုပါ။ နှစ်တစ်ရာအတွင်း တစ်ကြိမ်သာ ပွင့်သည်။ သို့သော် လင်းဖေး မွေးဖွားပြီးနောက် ပွင့်ခြင်းဖြစ်သည်။

 ဤနေရာသည် အခြေခံအားဖြင့် လင်းဖေးအတွက်  ဒီဇိုင်းရေးဆွဲထားခြင်းမဟုတ်ပါလား။

 အတွေ့အကြုံ၊ အသုံးအဆောင်ပစ္စည်းများ၊ အခွင့်အလမ်းများ၊ မိန်းကလေးများကို လက်ဆောင်ပေးခြင်း... မည်သို့ပင်ဆိုစေကာမူ ထိုနေရာ၌ ရရှိရန် သူ့အတွက် ရတနာမျိုးစုံ ရှိသည်။

“ဆရာ၊ သွားရမှာလား။”

 လုရှောင်ယန် ပြန်မဖြေသည်ကိုမြင်တော့ ကျီဝူရှားက မထိန်းနိုင်ဘဲ ထပ်မေးလိုက်သည်။

“အေး..ဒါပေါ့.."

 “ဒါ့အပြင် မင်းတစ်ယောက်တည်း သွားရမှာမဟုတ်ဘူး။ လေးယောက်လုံး သွားကြ။"

 ကျီဝူရှား၏နှလုံးတုန်လှုပ်သွားသည်။

“ဆရာ၊ မဟုတ်မှလွဲရော ဆရာ..."

 "မှန်တယ်။"

           လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

 "ဒါပြီးရင် ငါ လင်းဖေးကို ဖျက်ဆီးပစ်မယ်။ ဒီလမှာ အားလုံးက လုံ့လစိုက်ထုတ်ပြီး ကျင့်ကြံမှုတွေ တိုးလာဖို့ အစွမ်းကုန် ကြိုးစားရမယ်။ မင်းတို့ရဲ့ ကျင့်ကြံမှု မလုံလောက်ရင် မင်းတို့တွေ လင်းဖေး သတ်တာခံရလိမ့်မယ်။"

“ဟုတ်ကဲ့ပါ။"

 အားလုံး တညီတညွတ်တည်း တုံ့ပြန်ကြသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now