အခန်း ၁၅၇ ဖမ်းစမ်း ဖမ်းကြစမ်း..

1.1K 130 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ်  ၁၁။ အခန်း ၁၅၇ ဖမ်းစမ်း  ဖမ်းကြစမ်း.. (ဂရု - အပိုင်း ၃၀၄)

သေခြင်းတရားနှင့်နီးကပ်လာလေ အကြောက်တရားက ပိုလို့လွှမ်းခြုံလာလေပင်။

ထိုအချိန်တွင် လင်းဖေး၏ နှလုံးခုန်သံသည် အလွန်မြန်လာသည်။

သူ့ရဲ့ ဝှက်ဖဲတွေကို သိမ်းမထားနိုင်တော့ဘူးဆိုတာ သူသိလိုက်သည်။ ဆက်ပြီးသာ ဖုံးထားနေရင်တော့ သူတကယ်သေမှာပဲ။

လက်ရှိသူ့အနေနဲ့ အခြားသူများကို အလွယ်တကူ မဖော်ပြနိုင်သော သူ၏ ဝှက်ဖဲအနည်းငယ်ကိုသာ အသုံးပြုနိုင်တော့သည်။

  ကျီဝူရှား၏ဓားအလင်းတန်းသည် လင်းဖေး ရှေ့မှောက်သို့ရောက်လာသည်နှင့် လင်းဖေးသည် သူ၏ညာလက်ကိုလှည့်လိုက်ပြီး အလင်းတန်းတစ်ခု လင်းလက်လာသည်။ ပြီးတာနှင့် ချက်ချင်းဆိုသလိုပင် ပြင်းထန်သည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

"ထွက်သွားစမ်း"

ကြွေးကြော်သံနှင့်အတူ သူသည် ဓားရှည်ကို ဝှေ့ယမ်းကာ လေနှင့် တိမ်များကို နှိုးဆော်လိုက်သည်။ မိုးခြိမ်းသံနှင့်အတူ သူသည် ကျီဝူရှား၏တိုက်ခိုက်မှုကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။

ဒါတင်မကသေးဘဲ ဓားရှည်က ကျီဝူရှား၏ ဓားရှည်ကြီးပေါ်ကို ခုတ်သွားသည်။ ရုတ်တရက် ကျီဝူရှားရဲ့ ဓားရှည်ကြီးပေါ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာသည်။

အားပြင်းသော သက်ရောက်မှုသည် ကျီဝူရှားကို မီတာတစ်သောင်းကျော်အထိ ပျံလွင့်သွားစေခဲ့သည်။

အလွန်ကြီးမားသော ရောင်ဝါကို အာရုံခံလိုက်ရာ အားလုံး တုန်လှုပ်သွားကြသည်။

  တစ်ချို့က ကြောက်လန့်ပြီး တစ်ချို့က စိတ်လှုပ်ရှားကြသည်။

"ဒီ အရှိန်အဝါက အရမ်းကို အစွမ်းထက်တဲ့ သူတော်စင်လက်နက်တွေတောင် နိမ့်ကျသွားတယ်။ ဘုရားသခင် ဒါက သိုင်းဘုရင်အဆင့်  လက်နက်ပဲ။ ဒါက သိုင်းဘုရင်အဆင့် လက်နက်ပဲ။"

"သူ့ကို အုပ်စုဖွဲ့တိုက်ရအောင်။"

ယွင်လီကောက အော်ဟစ်ပြီး ဦးဆောင်သည်။ သူသည် အလင်းစီးကြောင်းအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ခုန်တက်သွားသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးHikayelerin yaşadığı yer. Şimdi keşfedin