[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် - ၅။ အခန်း ၆၉ ဒီတော့ ငါ့ကိုသဘောကျတယ်ပေါ့?
ဂိုဏ်းချုပ်ချန် တစ်ခုခုပြန်မပြောခင် ခဏတာမျှတိတ်ဆိတ်လို့သွားခဲ့သည်။
"ပထမအကြီးအကဲ မင်း.. ရှောင်ယန် ကို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်စေချင်လို့လား..."
"ဟုတ်တယ် ကျွန်တော်ဆိုလိုချင်တာအဲ့တာပဲ။" ပထမအကြီးအကဲ ခေါင်းညိမ့်ပြီးရှင်းပြသည်။
" ရှောင်ယန်ရဲ့ကျင့်ကြံဆင့်ကနိမ့်ပေမယ့် အဲ့တာ သူကငယ်သေးလို့လေ.. ပြီးတော့ အကုန်လုံးလည်း သူ့ရဲ့ အခင်းအကျင်းပညာရပ် အရည်အချင်းကိုတွေ့မြင်ခဲ့ကြတာပဲ ပြီးတော့ လိပ်နက်ဂိုဏ်းရဲ့မြင့်မြတ်သောမိန်းမပျိုနဲ့လည်း သူက သူငယ်ချင်းတွေ ဖြစ်နေတယ်။ ဆိုတော့ သူ့ကို ဂိုဏ်းချုပ်လုပ်ခိုင်းတာက ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကို မနစ်နာစေပါဘူး.."
"ဂိုဏ်းချုပ်ကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေး အကြီးအကဲဖြစ်လာပြီး ကျင့်ကြံခြင်းကို အာရုံစိုက်လို့ရတာပဲ။"
ဂိုဏ်းချုပ်၏မျက်လုံးထဲတွင် အကျိုးအကြောင်းတွေးတောကာ လွန်ဆွဲနေပုံပေါ်သည်။
"ဒါပေမယ့် ငါက အသက်တစ်ရာပဲရှိသေးတယ်၊ ငါ့ဘဝရဲ့ ထိပ်ဆုံးကိုရောက်ရမယ့်အချိန်မှာမှ ပင်စင်ယူရတော့မှာလား?"
"အဲ့တာက... ရပါတယ်။ ဒါပေမယ့် ရှောင်ယန်က သူ့ရဲ့အဆင့်အတန်းကြောင့် မြင့်မြတ်သောမိန်းမပျိုနဲ့ ရှေ့ဆက်လို့မရရင် နှမြောစရာကောင်းလွန်းတယ်လေ"
ထိုစကားကိုကြားသော် ဂိုဏ်းချုပ်၏အမူအရာပြောင်းလဲသွားပြီး သူ ချက်ချင်း လေးလေးနက်နက်ပြောသည်။
"ငါပြန်သွားပြီးရင် ရာထူးကဆင်းပေးပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်နေရာကို ရှောင်ယန်ကိုလွှဲပေးလိုက်မယ်။" ရှောင်ယန်သာ လိပ်နက်ဂိုဏ်းရဲ့ မြင့်မြတ်သောမိန်းမပျိုနဲ့ နောက်တဆင့်တက်နိုင်ရင် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့အဆင့်ကအများကြီးမြင့်သွားမှာ..
YOU ARE READING
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantasyပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y