အပိုင်း ၁၃၆

1.1K 109 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၁၀။ အခန်း ၁၃၆ထာဝရစည်းကမ်း

ခဏအကြာတွင် တစ်ယောက်ယောက်က မကူညီနိုင်ဘဲ ထပ်ပြီးအော်သဘ်။

"မကောင်းဘူး ဒီမီး... ဒီမီးကို မငြိမ်းနိုင်ဘူး။"

"ဘာ..."

တခြားသူတွေရဲ့ အမူအရာတွေ ရုတ်တရက် ပြောင်းလဲသွားပြီး လေးနက်စပြုလာသည်။

မကြာမီတွင် ဤပြဿနာကို လူ​တွေပိုပြီးသတိထားမိလာသည်။

"ဒီမီးတောက်က တကယ်ငြှိမ်းမရဘူး။ အကြီးအကဲမင်ကျဲ့ ၊ ကျွန်​တော်တို့ ဘာလုပ်သင့်လဲ။"

"အကြီးအကဲ မင်ကျဲ့၊ ကျွန်​တော်ကိုကယ်ပါဦး မသေချင်ဘူး။"

မီးတောက်များ စတင်လောင်ကျွမ်းနေပြီဖြစ်သောကြောင့် နတ်ဆိုးကျင့်ကြံသူများသည် ထိတ်လန့်စပြုလာသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် သူတို့၏ ဝိညာဉ်များပင် ပူလောင်လာသည်။ "အား... ငါ့ကိုကယ်ပါ။"

မီးတောက်များ ပိုမိုပြင်းထန်လာကာ ကျင့်ကြံသူများကို အသက်ရှင်ရန် အခွင့်အလမ်းမပေးဘဲ ဝါးမျိုတော့သည်။ မီးတောက်များ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အော်သံများ ပိုမိုမြင့်တက်လာခဲ့သည်။

ကျင့်ကြံသူ ထက်ဝက်နီးပါးသည် မီးလောင်ကျွမ်းမှုဒဏ်ကို ခံစားနေကြရသည်။ ထို့နောက်မှာတော့ အားလုံးဟာ မီးတောက်မီးလျှံတွေထဲတွင် အရှင်လတ်လတ် မီးရှို့ခံခဲ့ကြရသည်။

ကြောက်လန့်တုန်လှုပ်ကာ စိတ်ပျက်အားငယ်နေသော နှလုံးသားဖြင့် မျှော်လင့်ချက်သဲလွန်စကိုပင် မြင်နိုင်​စွမ်းမရှိ​ပေ။

"အကြီးအကဲ... အကြီးအကဲမင်ကျဲ့၊ ကျွန်​တော်တို့ ဘာလုပ်သင့်လဲ။"

"ဘာတွေထိတ်လန့်နေတာလဲ။"

အကြီးအကဲမင်ကျဲ့၏အမူအရာမှာ မှုန်ကုပ်နေသည်။ သူ၏လက်အောက်ငယ်သားတွေကို ကြည့်ပြီး ဒေါသအရမ်းထွက်ကာ သွေးအန်လုနီးပါးဖြစ်​နေသည်။ နောက်ဆုံးတွင် သူ၏လက်အောက်ငယ်သားအရေအတွက် ထက်ဝက်လောက် လျော့ကျသွားခဲ့သည်။

သူ့ကို ပိုလို့တောင် ဒေါသဖြစ်စေခဲ့တာကတော့ သူ၏ဘောင်းဘီမှာလည်း ထူးဆန်းသည့် မီးတောက်တွေ ရှိ​နေခြင်းဖြစ်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now