အခန်း ၅၄ လတ်စသတ်​တော့ မင်းတို့နှစ်​ယောက်ပဲ...

1.4K 193 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၅၄ လတ်စသတ်​တော့ မင်းတို့နှစ်​ယောက်ပဲ... 

လုရှောင်ယန်သည် မျက်မှောင်တင်းတင်းကြုတ်လိုက်သော်လည်း သူ စဉ်းစားမရပေ။ 

သို့သော် ထိုသို့သော ထူးဆန်းသောအရာများသည် အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။  သူ ထိုအရာ​တွေကို လျစ်လျူရှုထားလျှင် သူ့ကိုယ်သူ သတ်သေလိုက်တာကပို​ကောင်းဦးမည်။ 

သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူကို ကြည့်ရင်း ​​ဝေ​ဝေဝါးဝါး အကြံတစ်ချို့ ​ပေါ်လာသည်။ 

ထို့နောက် လုရှောင်ယန်သည် သူမ၏ခြေကျင်းဝတ်ကို လက်တစ်ဖက်ဖြင့်ဆွဲကာ တောင်​ပေါ်မှ ​နောက်တစ်ကြိမ် ဆွဲချလာပြန်သည်။ 

ဒီတစ်ခါတော့ သူမကို အဝေးကြီး မပို့​တော့​ပေ။ သူသည် ဂူအောက်က တောင်ခြေမှာပဲ တွင်းတစ်တွင်း တူးလိုက်သည်။  ထို့နောက် သူမကို ပစ်ချလိုက်ပြီး မြှုပ်နှံလိုက်သည် ။ နောက်ထပ် သူသည် ထိုမြေကြီးပေါ်ကိုနင်း၍  ကျောက်တုံးကြီးတစ်တုံးကို မြေကြီးပေါ်မှာ တင်လိုက်သည်။ 

၎င်းသည် သူမကို ​သေ​စေမည်မဟုတ်​ပေ။  ကျင့်ကြံသူတစ်​ယောက်၏ဘဝသည် ဤမျှလွယ်လွယ် အဆုံးမသတ်​ပေ။ 

သူမ၏ဒဏ်ရာအနည်းငယ်သက်သာလာပြီး သတိပြန်လည်လာလျှင် သူမသည် မြေကြီးထဲက အလွယ်တကူ ထွက်သွားနိုင်သည်။

လုရှောင်ယန်  သူမကို မသတ်ရသည့် အကြောင်းရင်းမှာ သူမသည် သူ့ကို ရန်မစခဲ့​သော​ကြောင့်ဖြစ်သည်။ 

သူသည် သတ်ဖြတ်ရာတွင် အမှန်ပင် ပြတ်သားသူဖြစ်သည်။  ဥပမာအားဖြင့်၊ ယခင်က အရိုးဖြူနတ်ဆိုးဂိုဏ်းတွင်၊ သိုင်းဧကရာဇ်ဘုံအစီအရင်ကိုချပြီး တစ်ညတည်းနှင့် ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် မတွန့်ဆုတ်ခဲ့ပေ။ 

သို့သော်လည်း ထိုသို့လုပ်ရခြင်းမှာ အရိုးဖြူနတ်ဆိုးဂိုဏ်းသည် သူ့ကို အရင် စော်ကားခဲ့ပြီး ကျီရွှေ့တောင်ထိပ်၏ လျှို့ဝှက်ချက်ကို သိရှိသွားခြင်းကြောင့် ဖြစ်သည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးOnde histórias criam vida. Descubra agora