အခန်း ၁၂၃ သူ့ကိုမဟက်​အောင် အရင်တားရမယ်

1.2K 159 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၂၃ သူ့ကိုမဟက်​အောင် အရင်တားရမယ်

"ဘာမှားလို့လဲ.. အရမ်းဈေးကြီးတယ်လို့​တော့ မင်းငါ့ကိုမပြောနဲ့။ ငါ ပိုက်ဆံအဆုံးရှုံးမခံနိုင်ဘူးလေ။ အခုတင် မင်းကို ကယ်လည်းကယ်ထားရသေးတယ်။"

 လုရှောင်ယန်၏ ဥပတိရုပ်သည် အလွန်ကောင်းမွန်ပြီးဖြစ်ကာ သရုပ်ဆောင်မှု နည်းနည်းပါးပါးထည့်လိုက်လျှင်ပင် သူသရုပ်ဆောင်နေသည်ဟု မည်သူမှ မပြောနိုင်ပေ။  ယွဲ့ယင်းသည် သိုင်းဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်၏ ဝိညာဉ်ကိုယ်ခန္ဓာဖြစ်ခဲ့လျှင်တောင် သူမ မပြောနိုင်သေးပေ။

 ဤအခိုက်အတန့်တွင် သူမသည် လုရှောင်ယန်ကို တိုက်ခိုက်ရန် အနည်းငယ် ဆန္ဒမရှိ​တော့ပေ။

 "ကောင်းပြီ ငါဝယ်လိုက်မယ်။ မင်းဘာတွေရလဲ ငါ့ကိုအရင်ပြပါ။"

 “အင်..။”

 လုရှောင်ယန်သည် ကျန်ရှိသည့် နှင်းကြာပန်းခုနစ်ပွင့်ကို ထုတ်ကာ ယွဲ့ယင်းကို ကြည့်ခွင့်ပေးလိုက်သည်။

 “ဒီအရာက ငါ့လက်ထဲမှာ ရှိရင် ငါတကယ် ပိုက်ဆံဆုံးရမှာ။ ကံကောင်းထောက်မစွာ၊ ဒီနေ့ မင်းကို ငါတွေ့ရတယ်။ ငါ့ကံကောင်းတယ်လို့ မှတ်ယူပါတယ်။ တကယ်လို့ မင်း နောက်ထပ်အဆင့်မြင့် 

ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ကို ပေးဆောင်လိုရင် ဆေး​​ဖော်စပ်ဖို့ ငါ့ရဲ့ ထိပ်တန်းအဆင့်မြင့် ​ကောင်းကင်ဘုံ အဂ္ဂိရတ်မီးဖိုကို အသုံးပြုခွင့်ပေးလို့ရတယ်။"

 "မင်းမှာ ထိပ်တန်းအဆင့် ​ကောင်းကင်ဘုံ အဂ္ဂိရတ်မီးဖိုတစ်ခုတောင် ရှိတယ်လား။"

 လုရှောင်ယန် ခေါင်းညိတ်လိုက်သည်။

 "ဟုတ်ပါတယ်။ ငါ့ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းက ​ဆေး​ဖော်စပ် ပညာရှင်​လေ။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးOù les histoires vivent. Découvrez maintenant