အခန်း ၁၀၈ မြို့တော်ရောက်တာ သိပ်မကြာသေးပေမယ့် အဆက်အသွယ်ပြတ်ကုန်ပြီ

1.3K 165 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၀၈ မြို့တော်ရောက်တာ သိပ်မကြာသေးပေမယ့် အဆက်အသွယ်ပြတ်ကုန်ပြီ

 "ဟင်း...ခေါင်းကိုက်လိုက်တာ။"

လုရှောင်ယန်သည် ခေါင်းကိုက်သွား၍ သူ၏နားထင်များကို ပွတ်သပ်ရုံမှတပါး မတတ်နိုင်ပေ။

 ယွင်လီကော၏ပြဿနာမှာ သူ၏ နှလုံးသွေးကြောများသာမကပေ။ သူ၏အရည်အချင်းသည်လည်း ပြဿနာရှိသည်။ သူ၏ အရည်အချင်းသည် သာမန် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ အဆင့်ရောက်နိုင်ရုံသာ ရှိသည်။ တစ်နည်းဆိုရသော် သူ့တွင် S တစ်လုံးသာရှိသည်။

 လုရှောင်ယန်သည် ယွင်လီကော၏ ကျင့်ကြံမှုကို အချိန်တိုအတွင်း အောင်မြင်မှု တိုးလာစေလိုပါက ယွင်လီကောအား ကျင့်ကြံရန် ဘယ်လိုကျင့်စဉ်မျိုးပေးသင့်သလဲ?

 “အရန်ကျင့်ကြံခြင်းနည်းလမ်းကို စမ်းကြည့်ရင်ရော..ဘယ်လိုလဲ?  ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း နည်းလမ်းလား?”

 စစ်နတ်ဘုရား၏အနုပညာက လူတစ်ဦးကို ပိုမိုတိုက်ခိုက်လေလေ ပိုမို အားသန်လေလေ ဖြစ်လာစေသည့် အရန်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းကို  သူ ကျင့်ကြံလို့ရသည်။ ၎င်းသည် လူတစ်ဦး၏ တိုက်ပွဲတန်ဖိုးကို အဆက်မပြတ် တိုးစေမည်ဖြစ်သည်။ ယွင်လီကောအတွက်၊ ၎င်းသည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေး အကျိုးကျေးဇူးရရှိနိုင်သောအရာတစ်ခုဖြစ်သည်။

 စစ်မှန်သောထုတ်ဖော်ခြင်းကျင့်စဉ်သည်လည်း အလုပ်ဖြစ်နိုင်သည်။ ဤအရာသည် တစ်ဖက်သား၏ အကာအကွယ်ကို လစ်လျူရှုနိုင်သည်။  ယွင်လီကော ရှေးဟောင်းဧကရာဇ်သိုင်းကျမ်းကိုအသုံးပြုပါက၊ သူ၏တိုက်ခိုက်မှုသည် တစ်ဖက်သား၏ အကာအကွယ်ကို လျစ်လျူရှုပြီး တဖက်သားကို အမှန်တကယ် ထိခိုက်စေနိုင်သည်။ စွမ်းအားမလုံလောက်ဘူးဆိုလျှင်ပင် သူ၏ တဖက်သားကို ထိခိုက်စေနိုင်မှု အများကြီးတိုးလာနိုင်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now