အပိုင်း ၁၉၇ ထောင်ချောက်..

755 75 0
                                    

[Unicode]
အပိုင်း ၁၉၇ ထောင်ချောက်..

"ဟုတ်တယ်၊ မင်းကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရမယ်။ မင်းဟာ မြင်းနက် ဖြစ်တာကြောင့် မင်းတွေ့သမျှအရာအားလုံးဟာ အကောင်းဆုံးဖြစ်မှာ သေချာတယ်။"

ဖုန်းအောက်ထျန်းသည် နှုတ်ခမ်းကို သပ်ပြီး မျက်မှောင်ကြုတ်သည်။

"ဒါပေမယ့် မင်းမှားနေတယ်လို့ ငါဘာလို့ခံစားရတာလဲ။ ဒီအရာက အရသာထူးတယ်။ ငန်လည်းငန်တယ်၊ ခါးလည်းခါးတယ်။ ညှီနံ့တောင်ရှိတယ်။ ဒါပေမယ့် ဝိညာဉ်စွမ်းအင်နဲ့ တခြားစွမ်းအင်တွေ လုံးဝမခံစားရဘူး။"

"ဒါက မင်းရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်ပဲလေ။ တကယ်တော့ ဒါဟာ ကောင်းတဲ့အရာပဲ။"

"အခု မင်းပြောလိုက်ကာမှ ငါ တစ်ခုခုကို ခံစားလိုက်ရပုံပဲ။"

ဖုန်းအောက်ထျန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဗိုက်ထဲက အရည်များ ချေဖျက်မှုကို အရှိန်မြှင့်ရန်အတွက် သူ့ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်ကို စတင် ဖြန့်ကျက်လိုက်သည်။

ထို့နောက် သဘောထားကြီးပုံဖြင့် ပြုမူပြောဆိုသည်။

"ငါက ဒီအရည်ကို ရှာတွေ့ခဲ့တာဖြစ်ပေမယ့်၊ ငါ ဖုန်းအောက်ထျန်းက အဲဒါကို လက်ဝါးကြီးအုပ်မယ့် လူစားမျိုး မဟုတ်ဘူး။ မင်းတို့နှစ်ယောက်လည်း နည်းနည်းသောက်ပါ။"

"ကောင်းပြီ!"

နာလန်ဟုန်ယွီသည် အလွန်ဝမ်းသာသွားပြီး ကြေးပုလင်းကို လက်ခံရယူရန် ချက်ချင်း လှမ်းပြောသည်။

ဒါက သူမအမြဲတမ်း စောင့်မျှော်နေတဲ့ အရာပါ။ သူမသည် မြင်းနက်ဖြစ်ချင်ပြီး လျင်မြန်စွာ ရှေ့သို့ တိုးသွားခဲ့သည်။

သူမသည် အကြီးမြတ်ဆုံးအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သည်။ ယခု သူမသည် ဤအရည်ကို ရရှိခဲ့ပြီး သူမ၏ ပိတ်ဆို့မှုများ ပြေလျော့သွားဖွယ်ရှိသည်။  သူမသည် အဆင့်သစ်တစ်ခုကို ကြိုဆိုနိုင်သည်။

သို့သော် သူမသောက်ခါနီးတွင် ဖုန်းအောက်ထျန်း က အော်ပြောလိုက်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးDonde viven las historias. Descúbrelo ahora