[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၆။ အပိုင်း ၈၀ ငါလှည့်စားခံလိုက်ရတာဖြစ်ရမယ်
ကျန်းလော့ယွီ ထိုသို့ ပြောပြီးသည်နှင့် တပြိုင်နက်၊ ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့သည် ရှောင်ပိုင်ကို ဘေးနှစ်ဖက်စလုံးမှ တိုက်ခိုက်ကြသည်။
သူတို့နှစ်ယောက်သည် အဆက်မပြတ် တိုက်ခိုက်ကြသည်။ သူတို့သည် သူတို့၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်း အသီးသီးဖြင့် တိုက်ခိုက်ကြပြီး ရှောင်ပိုင်ကို နည်းနည်းလေးမှအသာစီးမပေးပဲ ဆက်တိုက် နောက်ဆုတ်စေတော့သည်။
ရှောင်ပိုင်မှာ ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါးပင်။ ကျန်းလော့ယွီ စောနက စကားပြောလိုက်စဉ်က သူ တစ်ခုခု ဆုံးရှုံးသွားပုံရသည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
အစက သူ အများကြီးမတွေးပေ။ သို့သော် ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့ သူ့ကို တပြိုင်နက် တိုက်ခိုက်သောအခါ ရှောင်ပိုင် ရုတ်တရက် သဘောပေါက်သွားသည်။
နောက်ဆုံးမှာတော့ သူ ဘာ ဆုံးရှုံးသွားလဲဆိုတာကို သူနားလည်သွားသည်။
ကံကောင်းမှု.......
ထိုလူတွေ သူ့ကို ချီးကျူးလိုက်သည်နှင့် သူ၏ ကံကောင်းမှု တစ်စိတ်တစ်ပိုင်း ဆုံးရှုံးရသည်ကို သူနားလည်သွားသည်။ ထို့ကြောင့် ဤတိုက်ပွဲတွင် သူ၏ တိုက်ခိုက်မှုသည် ထိရောက်ရမည့်အစား အသုံးမဝင်တော့ပေ။ သူ့ဘက်က အသာစီးရဖို့နေနေသာသာ အားနည်းချက်ပင်ဖြစ်သွားသည်။
သို့သော် အခြားနည်းလမ်းမရှိပေ။ ဤသည်မှာ သူ၏တိုက်ပွဲဖြစ်ပြီး သူ မနိုင်လျှင်ပင် ကြိုးစားရင်းပင် သေရလိမ့်မည်။
သူ့ကိုကူညီမည့်သူမရှိပေ။
YOU ARE READING
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantasyပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y