[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၁၀။ အခန်း ၁၃၈ အကြီးအကဲမင်ကျဲ့ရဲ့ ဘုန်းတန်ခိုးခရမ်းရောင်တိမ်တိုက်စံအိမ်သည် မဟာကျိုးနန်းမြို့တော်ရှိ အကျော်ကြားဆုံး စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်သည်။
ထိပ်တန်းအစားအစာကြောင့် ကျော်ကြားခြင်းမဟုတ်ပဲ ၎င်း၏သင်္ကေတကြောင့်ဖြစ်သည်။
မဟာကျိုး နန်းမြို့တော်တွင် မရေမတွက်နိုင်သော စားသောက်ဆိုင်များရှိသည်။ သို့သော်လည်း ခရမ်းရောင်တိမ်တိုက်စံအိမ်သည် မည်သည့်ပြဿနာမှ ဖြစ်ခွင့်မပြုသော တစ်ခုတည်းသော စားသောက်ဆိုင်ဖြစ်သည်။
တစ်ချိန်က မဟာကျိုး ဧကရာဇ်မင်းမြတ်၏ အကြိုက်ဆုံးစားသောက်ဆိုင်ဖြစ်ခဲ့သည်။
ဤနေရာတွင်တည်ရှိသော သဘာဝနဂါးသွေးကြောနှင့် ကြွယ်ဝသောဝိညာဉ်စွမ်းအင်များမှလွဲ၍ မဟာကျိုး နန်းမြို့တော်ကို ဤနေရာတွင်တည်ထောင်ရန် ဆုံးဖြတ်ရခြင်း၏အကြောင်းရင်းတစ်ခုမှာ ခရမ်းရောင်တိမ်တိုက်စံအိမ်ကြောင့်ဖြစ်သည်။
မင်းသားလေးပဲဖြစ်ဖြစ် မင်းသမီးပဲဖြစ်ဖြစ် အရေးမကြီးပါ။ ဤနေရာ၌ ပြသနာရှာခဲ့လျှင် သင်သည် ပြင်းထန်စွာ ဒဏ်ရာရမည် သို့မဟုတ် သေပေလိမ့်မည်။
တော်ဝင်နန်းတော်၏ ခန်းမဆောင်တွင် ပြဿနာဖြစ်စေခဲ့လျှင်တောင် အသက်ရှင်ရန် အခွင့်အလမ်းရှိပါသေးသည်။ သို့သော် ဤနေရာ၌ သက်ညှာမှုမရှိပေ။ စည်းမျဉ်းစည်းကမ်းတွေပဲရှိသည့်အတွက် မည်သူမဆို လိုက်နာရမည်။
ထိုနေ့တွင် အထူးဧည့်သည်တစ်စုသည် ခရမ်းရောင်တိမ်တိုက်စံအိမ်၏ ထောင့်ရှိ သီးသန့်ခန်းသို့ ရောက်ရှိလာသည်။
သူတို့သည် အလွန်ဆုံးမှ အသက် ၅၀ ခန့်ရှိမည်ဖြစ်သော်လည်း အသက်မကြီးသေးပါ။ သူတို့အားလုံး ကျင့်ကြံထားသောကြောင့် လူတိုင်းသည် အလွန်ငယ်ကြပုံရသည်။ အခြေခံအားဖြင့်တော့ အပြင်ပိုင်းအသွင်အရ သူတို့ဟာ အသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိပုံရသည်။
သူတို့နှင့် အဆင့်တူ သို့မဟုတ် သန်မာမှုမရှိသူများသည် ၎င်းတို့၏ အရိုးအသက်ကို မပြောနိုင်ပေ။
ŞİMDİ OKUDUĞUN
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantastikပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y