ရွှေမင်းသားရဲ့ ကြင်ရာတော် or နတ်ရေးတဲ့ ရွှေဖူးစာ

11K 150 3
                                    

                ရွှေမင်းသားရဲ့ ကြင်ရာတော်

                                    or နတ်ရေးတဲ့ ရွှေဖူးစာ

                           အခန်း   (၁)

.

.

" ဒီကို ဘာလို့ပြန်လာတာလဲ ခွန်းတေးအလင်္ကာ "

" တေး နိုင်ငံခြားမှာ နေရတာ မပျော်တော့ဘူး။ အခု အထက်တန်းလည်း ပြီးနေပြီ။တက္ကသိုလ်ကို
တေး ဂါမဏီမှာပဲ တက်တော့မယ်။အာ့ကြောင့်မို့
ပြန်လာတာပါ ဖေကြီး "

" ဂါမဏီကို ဘွဲ့ရပြီးမှ ပြန်လာရမယ်လို့ ပြောလိုက်တဲ့ စကားကို အလကားပြောလိုက်တယ် ထင်နေလား။အခုချက်ချင်း အဝတ်အိတ်ယူပြီးတော့ ဟိုကို ပြန်သွား "

" တေး မသွားချင်ဘူး ဖေကြီး "

" ခွန်းတေးအလင်္ကာ! "

" တေး ကို ဖေကြီး စိတ်ဆိုးချင် ဆိုးပါ။တေး နိုင်ငံခြား ကို ပြန်မသွားတော့ဘူး "

" တောက်! ဒီသေးသေးလေး က ငါ့ကို အာခံနေပါလား။ဒုန်း "

" အမေ့! "

ဒေါသကြီးတဲ့ ဖေကြီးသည် တေး က သူ့ပြောစကားကို နားမထောင်လို့ စိတ်ဆိုးပြီး...
စားပွဲကို လက်နဲ့ထုလိုက်တာမို့... တေးမှာ လန့်သွားရသည်။

" နိုင်ငံခြားကို ပြန်သွားပြီး တက္ကသိုလ်တက်မလား။ဒီမှာနေပြီး ကိုယ့်အားကို ကိုးပြီး၊တက္ကသိုလ်တက်မလား။နှစ်ခုထဲက တစ်ခုကိုရွေး  "
တေး ပြန်လာရင် ဖေကြီး စိတ်ဆိုးမယ်ဆိုတာကို ကြိုတွေးမိပြီးသားပါ။အဲ့ဒါကြောင့်လည်း တေးသည် စိတ်ကိုတင်းထားပြီးသားပါ။ဖေကြီး
စိတ်ဆိုးလည်း ခဏလောက်ပဲ ကြာမှာမို့...

" တေး ဟိုကိုပြန်မသွားတော့ဘူး။ဒီမှာ နေပြီး
တက္ကသိုလ်တက်ပါမယ် "

" ကောင်းပြီ၊ ဒါဆိုရင် ဘာထောက်ပံ့မူ့မှ ဒီအဖေဆီကနေ မမျှော်လင့်နဲ့။အလုပ်ရှာပြီး ကျောင်းစရိတ်အတွက် ကိုယ့်အားနဲ့ ကိုယ့်ဘာသာ ရုန်း။ပြန်လာဖို့ မခိုင်းဘဲနဲ့ ကိုယ့်ဘာသာ ပြန်လာတဲ့အတွက် အပြစ်ပေးတာပဲ "

ဖေကြီး က ပြတ်သားသလို... တေးလည်း ပြတ်ိသားပါသည်။

" ဟုတ်ကဲ့ "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now