ရွှေမင်းသားရဲ့ ကြင်ရာတော်
or နတ်ရေးတဲ့ ရွှေဖူးစာ
အခန်း (၆)
.
" ကျွန်တော့် ချစ်သူ ကြင်ရာတော်လောင်းလျာလေးပါ မယ်တော် "
" ဘာ! "
" သားတော် "
" မြေးတော် "
" မင်းသား... "
အိမ်ရှေ့စံမင်းသား၏ အဖြေစကားကြောင့်...
လူကြီးတွေရော သရဖီဆိုသည့် မိန်းကလေးပါ
အံ့ဩသွားကြလေ၏။" တေး... နူတ်ဆက်လိုက်ပါ ကိုယ့်ရဲ့အဘွားတော်ပဲ "
ဒီပ,သည် မျက်နှာတွေ ပျက်ယွင်းနေတဲ့ အမတ်ချုပ်ကြီးတို့သားဖနဲ့ မိထွေးတော်မိဖုရားကြီးတို့၏ အကြည့်တွေကို မျက်ကွယ်ပြုပြီး... ခွန်းတေးအင်္လကာ ကို အဘွားနဲ့ အရင်နူတ်ဆက်စေလိုက်သည်။
တေး,သည် ကိုယ့်ဆီမှာ စုကျနေတဲ့ အကြည့်တွေကြောင့်... ခေါင်းလေးကို မရဲတရဲဖြင့် မော့ကာ...
" မင်္ဂလာပါ အဘွား! တောင်း တောင်းပန်ပါတယ်။ မိ မိဖုရားကြီး "
တေး,မှာ ကြောက်လွန်းလို့ အဘွားတော်မိဖုရားကြီးကို အဘွားလို့... မှားပြိီး နူတ်ဆက်မိတာမို့...
အပြစ်စကားများ ပြောလေမလား အထင်ဖြင့် ကြောက်နေမိ၏။အဘွားတော် မိဖုရားကြီးမဒီဒေဝီမှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့... မြေးတော်ရဲ့ ကြင်ရာတော်လောင်းလျာ မိန်းကလေးကို ကြင်နာမူ့တွေ ပါဝင်သော အပြုံးတို့ဖြင့် ပြုံးကြည့်ပြီး...
" မင်္ဂလာပါကွယ်။မြေးတော် ခေါ်သလိုမျိုး အဘွားတော် လို့ ခေါ်လို့ရပါတယ် "
" ဟုတ်ကဲ့ "
မင်းသားပြောသလိုမျိုး အဘွားတော်က သဘောထားပြည့်ဝလို့ တော်ပါသေးတယ်။
" နာမည် ဘယ်လို ခေါ်သလဲ မိန်းကလေး "
ဟု မင်းကြီးက မေးလာတာမို့...
တေး,သည် ခေါင်းလေးကို အမြန်ငုံ့ချပြီး..." ခွန်းတေးအင်္လကာ လို့ ခေါ်ပါတယ် အရှင်မင်းကြီး ရှင့် "
" အင်း... နာမည်နဲ့ လူလေးနဲ့လိုက်ဖက်ပါပေတယ် "