နတ်ရေးတဲ့ ရွှေဖူးစာor ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၇၄)
." စကားပြောရခက်တဲ့ မင်းကို ငါသိပ်မုန်းလာပြီ
ခွန်းတေးအင်္လကာ "မင်းသားစကားကြောင့် ဆွံ့အ နာကျင်သွားရတဲ့ တေး။
" တေး တေး ကို မုန်းတယ် "
" ဟုတ်တယ် "
" မင်းသား.... "
" မုန်းတယ်ဆိုလို့ အရမ်းခံစားသွားရလား "
မျက်ရည်တွေဝဲနေတဲ့ မျက်ဝန်းရွဲကြီးတွေနဲ့ မော့ကြည့်လာတဲ့ သူမကို ခပ်ရွဲ့ရွဲ့မေးလိုက်တော့...
ဘယ်လိုများ မေးလိုက်တာလဲ။မခံစားရဘူးလို့ ပြောရင် လိမ်ညာတာပဲပေါ့။ခံစားရတာမှ နှလုံးသားကို မီးလောင်တိုက်သွင်းနေသလိုပါပဲ။
" မင်းသား တေးကိုချစ်ခဲ့တာကရော ဟုတ်ရဲ့လား "
မေးခွန်းနဲ့ဆန့်ကျင့်ဘက်ကို ပြန်မေးလာတဲ့ သူမ။
" မင်းကိုသာ ချစ်ခဲ့ရင် အခုလက်ထပ်ဖို့လုပ်နေတဲ့
မိန်းကလေးနေရာမှာ မင်းဖြစ်နေမှာပေါ့။ဒါလေးတောင် မင်းနားမလည်းဘူးလား "" နည်းနည်းလေးတောင် လိမ်ညာဖြေမပေးဘူးဘဲ။မင်းသားက တေးထင်တာထက်တောင် သွေးအေးနေတာပဲ "
" အဟင်း မင်းကတကယ်တုံးအတာပဲ။မင်းကိုမချစ်လို့ တခြားမိန်းကလေးနဲ့လက်ထပ်ဖို့ လုပ်နေတဲ့လူကို ဘာတွေမျှော်လင့်ချက်ထားနေသေးတာလဲ။မဟုတ်မှ မင်း ငါ့ကို တကယ်ချစ်ခဲ့တာလား... "
" အဟင်း အဟင်း အဟင်း "
တေးသည် မင်းသားကြောင့် အသက်မဲ့သော ရယ်ခြင်းဖြင့် ချောက်ကပ်ကပ်အသံနဲ့ ရယ်လိုက်မိ၏။မျက်ရည်တွေနဲ့ မျက်ဝန်းတွေကလည်း အေးစက်သွား၏။
" မင်း ဘာလို့ ရယ်နေတာလဲ။ငါ့စကားတွေက မင်း
ရယ်မောရလောက်တဲ့ စကားတွေတစ်လုံးမှမပါဘူး
ခွန်းတေးအလင်္ကာ "" မင်းသားပြောတဲ့ စကားတွေထဲမှာ ရယ်မောစေတဲ့ စကားတွေတစ်လုံးမှမပါပါဘူး။ဒါပေမဲ့ ပြောလိုက်တဲ့ စကားလုံးတိုင်းက နှလုံးသားကို နာကျင်စေတယ်။ရယ်မောစေတယ်။ရယ်မောတယ်ဆိုလို့ ဝမ်းသာပျော်ရွှင်ရလို့လို့တော့ မထင်လိုက်နဲ့အုံး။နှလုံးသားက စကားတွေမဆိုနိုင်တော့တဲ့အထိ နာကျင်ရလွန်းလို့ နာကျင်မှုကို ရယ်မောခြင်းနဲ့ ဖုံးကွယ်ပစ်လိုက်တာပဲ "