နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၄၆)
." မင်း ရူးနေတာလား ဟမ်။ကားရှေ့ကို ပြေးဝင်လာရအောင် မင်း သေသွားနိုင်တယ်ဆိုတာ မသိဘူးလား ခွန်းတေးအလင်္ကာ! "
စိတ်ပူနေတဲ့ ဒီပ,သည် ချစ်ရသူ၏ ပခုံးနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး မေးမိ၏။
" အဟင်း တေး ကို စိတ်ပူနေတာလား... မင်းသား "
ခပ်မဲ့မဲ့ အပြုံးလေးနှင့် အေးစက်နေသော မျက်ဝန်းတွေဖြင့် စကားဆိုလာတဲ့ ချစ်ရသူလေးကြောင့်...
လက်ရှိအခြေအနေကို ပြန်သတိရသွားတဲ့ ဒီပ။ချစ်ရသူရဲ့ ပခုံးပေါ်မှာ ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်ကိုလည်း လွတ်လိုက်မိသည်။" အနှစ်မပါတဲ့ အပေါ်ယံဟန်ဆောင်မှုတွေနဲ့ ဂရုစိုက်ပေးချင်ယောင် ဟန်မဆောင်ပါနဲ့။မင်းသား ကို မေ့ဖို့ ကြိုးစားနေရတာထက် ပိုနာကျင်ရလို့ပါ။မင်းသားကိုယ်တိုင်ပဲ မနေ့ညက တေးကိုပြောခဲ့တယ်မလား။တေးကလူသတ်သမားရဲ့ဖြစ်နေလို့ မုန်းတယ်ဆိုတယ်လို့ဆိုပြီး... အဲ့ဒါကြောင့် တေးအပေါ်မှာ ဟန်ဆောင်ပြီးတော့တောင် ကောင်းပေးစရာမလိုပါဘူး။တေးလည်း မင်းသားနဲ့ ထပ်ပတ်သ က်ဖို့ အတွေးမရှိတော့ပါဘူး။မင်းသားကို မေ့ပစ်ဖို့ ကြိုးစားနေပါပြီ "
ချစ်ရသူ၏ စကားလုံးတွေတိုင်းက ဒီပ,အတွက်
ဖြေဆေးမရှိတဲ့ နာကျင်ခြင်းတွေပါပဲ။မင်းလေး ကို စိတ်ပူနေတာက... အပေါ်ယံဟန်ဆော င်ခြင်း မဟုတ်ဘူး လို့ ပြောပြချင်ပေမဲ့... နူတ်ကနေ ဖွင့်ဟပြောဆိုဖို့ဆိုတာက... ဒီပ,အလွန်ခက်ခဲလွန်းပါ၏။
" ငါ့ကို မေ့ပစ်ဖို့တောင် လုပ်နေတဲ့ လူက ဘာလို့ ငါ့ကားရှေ့ကိုပြေးဝင်တားပြီး၊ငါနဲ့ စကားပြောခွင့်ရဖို့
ကြိုးစားရတာလဲ။နူတ်ကနေသာ ငါ့ကို မေ့ပစ်နေပြီး
မင်းစိတ်ထဲကနေတော့... ငါ့ကို မမေ့ပစ်နိုင်သေးလို့
အခုလိုမျိုး လာတွေ့နေတာမလား။အဲ့လိုကလေးက လားဆန်တဲ့ အလုပ်မျိုးထပ်မလုပ်ရင် ကောင်းလိမ့်မယ်။မင်းကြောင့်နဲ့ ငါ့မှာ စိတ်အနှောက်အယှက်ဖြစ်ရတယ် "
![](https://img.wattpad.com/cover/333235278-288-k879467.jpg)