နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၂၃)
.
" အဟင်း တေး "
ဒီပ, ကြောင်ငေးငေးလေးဖြစ်နေတဲ့ သူမပုံစံလေး ကို သဘောကျစွာနဲ့ ရယ်ရင်း... သူမကိုခေါ်လိုက်တော့... ပခုံးလေးတုန်ပြီး လန့်သွားတဲ့ သူမ။
" ဘာ ဘာလို့ နမ်းရတာလဲ "
အလန့်တကြားမျက်ဝန်းလေးတွေနဲ့ ကိုယ့်ကို မော့ကြည့်ပြီး မေးလာတဲ့ သူမ။
" ဒီမှာရှိနေတဲ့ လူတွေအကုန်လုံးကို မင်း က ကိုယ့်ရဲ့ ကြင်ရာတော်ဖြစ်လာမယ့်သူဆိုတာကို တစ်ယောက်ချင်း မိတ်ဆက်ပေးနေရင်၊အချိန်ကြာတယ်။အဲ့ဒါကြောင့် တစ်ခါတည်းနဲ့ အကုန်လုံး သိသွားစေမယ့် နည်းကို သုံးလိုက်တာ။ပြီးတော့ ကိုယ်က မင်းအပိုင်ဆ်ိုတာ ပြောဖို့... ဒီနည်းလမ်းက အကောင်းဆုံးမို့လို့ပဲ "
သူမအရှေ့ကို ကိုယ်ကို ကိုင်းပြီး၊နှစ်ကိုယ်ကြား
စကားသံဖြင့် ပြောလိုက်တော့... သူမက ခေါင်းလေးကို ဘယ်၊ညာရမ်း၍ ကြည့်လေသည်။ဟင်... လူတွေက ငါနဲ့ မင်းသားကို ကြည့်နေကြတယ်။ဒါ ဒါဆို မင်းသား ငါ့ကို နမ်းတာကို သူတို့ အကုန်လုံး မြင်သွားကြတာပေါ့။
အား... ရှက်လိုက်တာ။ဒီ ဒီမှာ မနေ မနေတော့ဘူး။ပြန်ရမယ်... ငါ ပြန်ရမယ်။
တေး,ရှက်လွန်းတာကြောင့် ကိုယ့်ကို ကြည့်နေတဲ့
မျက်စိတွေရှေ့ကနေ ပြေးထွက်လာခဲ့လိုက်သည်။" တေး တေး တေး "
" အဟင်း မင်းလေး က ရှက်သွားတာပဲ "
ဒီပ, ပြေးထွက်သွားတဲ့ သူမနောက်ကို လိုက်သွားဖို့ အတွက်... မွေးနေ့ရှင်တွေရဲ့အဖေနဲ့ တခြားလူကြီးပိုင်းထဲက လူတချို့ကို နူတ်ဆက်စကား
ခပ်မြန်မြန်ပင် ပြောလိုက်သည်။အဲ့ဒီနောက် သူမနောက်ကို အပြေးလိုက်သွားလိုက်သည်။" မင်းသား... "
" တေးရော နောင်ခ "
" အခုပဲ ကားနဲ့ ထွက်သွားပါပြီ "