Part 61

800 22 0
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

          အခန်း (၆၁)
.

" စီနီယာ အခု ဒါက ဘာလုပ်နေတာလဲ "

ရုတ်တရက်ကြီး ရောက်လာပြီး၊ မီးသင်္ဂြုဟ်တာစတင်နေပြီဖြစ်တဲ့ ဖေကြီးရဲ့ရုပ်အလောင်းကို ဦးညွှတ်ဂါရဝပြုနေတဲ့ စီနီယာ။

" တောင်းပန်စကား ဆိုရုံလောက်နဲ့ မင်းတို့အပေါ်မှာရှိနေတဲ့ အပြစ်ကြွေးက ကြေမသွားဘူးဆိုတာသိပါတယ် "

" အဲ့လိုသိနေတဲ့ လူတွေက ဒီနေရာအထိ ရောက်လာတယ်ပေါ့ "

"မင်းအဖေကို နောက်ဆုံးအနေနဲ့ ဂါရဝပြုချင်လို့ပါ"

" စီနီယာရဲ့အခလုပ်ရပ်က အရမ်းကို မျက်နှာပြောင်တိုက်လွန်းရာကျနေတာကိုရော သတိထားမိရဲ့လား "

" မင်းအနေနဲ့ အဲ့လိုထင်နိုင်ကောင်းပေမဲ့... ဂါရဝပြုတာကတော့ ငါ့ရဲ့ တကယ်စိတ်ရင်းနဲ့ပါ။အဲ့ဒါကိုတော့ ယုံပေးပါ ခွန်းတေး "

" ဘာကို ယုံပေးရမှာလဲ။ဘာကို ဂါရဝပြုတာလဲ။ဖေကြီး အသက်ရှင်နေစဥ်တုန်းက စီနီယာ့အဖေက လူတစ်ယောက်လိုမျိုး ဆက်ဆံခဲ့လို့လား။မတရားညှင်းပန်းနှိပ်စက်ပြီး အသက်သေအောင်လုပ်ခဲ့တာကို စီနီယာ က မမြင်မိခဲ့လို့... အခုလိုတွေပြောပြီး မျက်နှာပြောင်တိုက်နေတာလား... "

" ဒီမယ် ကလေးမ စကားကြီးစကားကျယ်ပြောမနေနဲ့။နင့်အဖေက ငါ့သား ဂါရဝပြုခံရလောက်တဲ့ အဆင့်မျိုး မဟုတ်ဘူး။ငါ့သား စိတ်သဘောထားပြည့်ဝလို့သာ ဒီလိုနေရာမျိုးထိလာပြီး၊လူသတ်သမား
မင်းအဖေ ဂါရဝလာပြုပေးတာ နားလည်းလား "

" ကျွန်မကလည်း အမတ်ချုပ်ကြီးလို အပေါ်ယံမြင့်မြတ်ချင်ဟန်ဆောင်ပြီး၊အတွင်းက ဆုတ်ပဲ့နေတဲ့ အဆင့်အတန်းကလူတွေနဲ့ လုံးဝကိုမပတ်သက်ချင်တာပါ။မျက်နှာရော၊အသံကိုရော မမြင်ချင်၊မကြားတာမို့လို့ ဒီနေရာကနေ အခုချက်ချင်း ထွက်သွားပါ။ဒီထပ်ပိုပြီး ကြာကြာနေနေမယ်ဆိုရင် ကျွန်မ အမတ်ချုပ်ကြီး ကို တစ်ခုခု လုပ်မိလိမ့်မယ် "

" မင်းလိုမလောက်လေး မလောက်စားလေးက ငါ့ကိုဘာများ လုပ်နိုင်မှာမို့လို့လဲ။ငါတို့က မင်းနှင်လွှတ်ချင်တိုင်း လွှတ်ရမယ်ထင်ရင် မှားသွားလိမ့်မယ်။ပြီးတော့ စကားပြောဆိုတာကို ဒီထက်ပိုယဥ်ကျေးအောင် ပြောရင် ကောင်းလိမ့်မယ်။မင်းရဲ့မယဥ်မကျေးအပြုအမူကြောင့် ကြီးမားတဲ့ အပြစ်ဒဏ်မျိုး
အပေးမခံချင်ရင် သတိထားနေ "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Donde viven las historias. Descúbrelo ahora